Chapter-3.2

163 9 0
                                    

Vegas POV

"သခင်လေး Vegas ! မကောင်းတာတွေ မလုပ်ပါနဲ့တော့!
သခင်လေး Kinn က ခင်ဗျားကို ဘာလုပ်ခဲ့လို့လဲ?!"

Pete မျက်နှာက နာကျင်မှု့ကြောင့် ရှုံ့မဲ့နေသည်။ နှဖူးက လည်း ကွဲကာ သွေးတွေ စီးကျနေသည်။ ဒါပေမယ့် သူက အော်ဟစ်ပြီး ကျွန်တော်နှင့် စကားများရန်ဖြစ်နိုင်သေးသည်။
တကယ်ကို အခြားအိမ်တော်က ကိုယ်ရံတော်တွေက သဘောကျဖို့ကောင်းတာပဲ။ သူတို့က အရည်အချင်းပြည့်၀ရုံ မက  အကြိုက်တွေ့ဖို့လည်း ကောင်းသည်။

"အပြင်မှာ ဘယ်သူရှိလဲ?! ၀င်လာခဲ့!!"

ကျွန်တော့်ရဲ့ ကိုယ်ရံတော်က သူ့ဗိုက်သူ လက်ဖြင့်ဖိရင်း
အခန်းတံခါးဖွင့်၍ အော်ပြောလိုက်သည်။ သူ့မျက်နှာက  နာကျင်နေသည့် ပုံစံဖြစ်ကာ အပြင်မှ လူတွေကို
အထဲ၀င်လာပြီး ကျွန်တော့် ခြေထောက်အောက်က ခွေးရူးကို
ထိန်းချုပ်ရန် ကူညီဖို့ ခေါ်နေသည်။

ဒီနေ့ Pete က အိမ်ထဲကို အလွယ်တကူ ခိုး၀င်နိုင်ပြီး
ကျွန်တော့် လူနှစ်ယောက်နှင့် မထိန်းနိုင်တာ အံ့ဩစရာတော့ မရှိဘူး။ ဘာ‌ကြောင့်လဲဆိုတော့ အဖေက ကာစီနိုရုံကို သွားသောအခါ အရည်အချင်းပြည့်မှီသော ကိုယ်ရံတော်များကို
ခေါ်သွားသောကြောင့် ဖြစ်သည်။ အိမ်တစ်ခုလုံးက တိတ်ဆိတ်နေကာ လုံခြုံရေးကလည်း လျော့ရဲနေသည်။

"Kinn က ဘာကောင်းနေလို့လဲ?
သူက လူတွေကို ချစ်ပြီး လူတွေကလည်း သူ့ကို ချစ်တယ်၊
သူရဲ့  ရည်းစားဟောင်းတွေကလည်း  အခုထိ သူ့ကို ချစ်မြတ်နိုးတုန်းပဲ... သူသေသွားရင် ... ကံကောင်းတာပေါ့!"

ကျွန်တော် Pete ရဲ့ ရင်ဘတ်ကို ဖိထားသော ခြေထောက်ကို အားပိုထည့်လိုက်ရင်း ပြောလိုက်သည်။ Pete က အသက်ရှူရ ခက်လာပြီး စတင်အော်ဟစ်လာသည်။

"သ..သခင်လေး Vegas... လွှတ် .. လွှတ်ပေးပါ!!"

Pete က သူ့လက်နှစ်ဖက် နဲ့ ကျွန်တော့် ခြေထောက်ကို တွန်းဖယ်နေပေမယ့်  ဘာမှ မတတ်နိုင်ဖြစ်နေသည်။

ကျွန်တော် သူ လက်လျှော့ သွားသည့် အချိန်ထိ  ကြမ်းပြင်ပေါ် ဖိကာ စိတ်ကျေနပ်‌နေမိသည်။
ရုတ်တရက် Pete ရဲ့ လက်သီးက ကျွန်တော့်ရဲ့ ဒူးကောက်ကွေးကို ရိုက်ကာ  ဖိနင်းထားသည့်  ခြေထောက်ကို အားပျော့သွားစေသည်။ထို့နောက် သူက အမြန် မတ်တပ်ရပ်၍ 
အခန်းတွင်းရှိ အလှပန်းအိုးကို လှမ်းယူပြီး ကျွန်တော့် ခေါင်းကို အားအပြည့်နှင့် ရိုက်ချလိုက်သည်။

လူဆိုးလေးရဲ့ ကိုယ်ရံတော် (သို့) ကိုယ်တို့နှစ်ယောက်ရဲ့ ချစ်ပုံပြင်Where stories live. Discover now