Chapter-2.4

89 8 2
                                    

" Friendly Reminder " 
အချို့ အကြောင်းအရာများသည်  Spoiler ဖြစ်သွားနိုင်ပါသည်။

Pete POV

ဟုတ်ပြီ...

"Arm ... ငါ့ကို ကွန်ပြူတာ Password ခိုး၀င်လို့ရအောင် လုပ်ပေးဦး"

ကျွန်တော် Arm ကို ဖုန်းခေါ်၍ အမြန်ပြောလိုက်သည်။

(" ရူးနေတာလားဟ?  ကွန်ပြူတာ Password ကို ခိုး၀င်နိုင်ဖို့ဆို အချိန် အကြာကြီး ပေးရမှာ... ငါ အခု  ဂိုထောင်ဘက်ရောက်နေတာ... Laptop ကို မထိရဘူး" )

Arm လေသံမှာ အနည်းငယ် ပင်ပန်းနေပုံရသည်။

(" ဒါဆို ငါ ဘာဆက်လုပ်သင့်လဲ?")

(" Password ကို ခန့်မှန်းကြည့်ပေါ့!!!
သခင်လေး Kinn ... စိတ်အေးအေးထားပါဦး!!!")

ဖုန်းက ရုတ်တရက် ကျသွားသည်။ ကြည့်ရတာ Arm ဘက်မှာလည်း အလုပ်များနေပုံရသည်။
ကျွန်တော် သော့ခတ်ထားသည့်
ကွန်ပြူတာ ဖန်သားပြင်ကို ကြည့်နေမိသည်။ ပထမဆုံး
1234 ကဲ့သို့ လွယ်ကူရိုးရှင်းတဲ့  ဂဏန်းကို ရိုက်ထည့်ကြည့်သည်။ မဟုတ်ဘူး!!!
ကျွန်တော့်ခေါင်းထဲက သွေးကြောတွေက စိတ်ဖိစီးမှု့ကြောင့်
တဒိတ်ဒိတ်တိုးနေသည်။ အရင်ဆုံး စဉ်းစားရမယ်။ သူ့ရဲ့ ကိုယ်ပိုင် နံပါတ်တွေပဲ ဖြစ်ရမယ်။ သခင်လေး Vegas မွေးနေ့... ရက်..လ... ရိုက်ထည့်ကြည့်သည်။
ကျွန်တော် သခင်လေး Vegas ဒါမှမဟုတ် Macau ရဲ့ မွေးနေ့တွေကို မှတ်မိသည်။ ဘာကြောင့်လဲဆိုတော့ သခင်လေး TanKhun က သူတို့မွေးနေ့ရောက်တိုင်း ထူးဆန်းသည့် တစ်ခုခု ကို ရှာပြီး  မွေးနေ့လက်ဆောင်ပို့ခိုင်းသောကြောင့်ဖြစ်သည်။
မွေးနေ့လည်း မဟုတ်ဘူး!!! ကျွန်တော် အချိန် ဘယ်လောက်ကြာကြာ ထိုင်စဉ်းစားမိနေမှန်း  သတိမထားမိပေ။
သူ့ကားနံပါတ်   ၊ Macau မွေးနေ့ ဒါတွေလည်း မဟုတ်ဘူး...

ရုတ်တရက် သခင်လေး Kinn ပြောခဲ့ဖူးတာ သတိရမိသည်။
သခင်လေး Vegas က  ဘယ်လောက်တောင် လှည့်စားတတ်သော လူဆိုးကောင် ဖြစ်ကြောင်း၊ သခင်လေး TanKhun ကလည်း သခင်လေး Vegas က  စိတ္တဇကောင်နှင့် တူကြောင်း ပြောဖူးသည်။ ဒါဆို... မကောင်းတဲ့ဂဏန်းပဲ ဖြစ်ရမယ်???

စမ်းကြည့်တာပေါ့....

"6969"

"-ိုး!!! ဟုတ်တယ်ဟ... "

လူဆိုးလေးရဲ့ ကိုယ်ရံတော် (သို့) ကိုယ်တို့နှစ်ယောက်ရဲ့ ချစ်ပုံပြင်Where stories live. Discover now