Pete POV
(မနက်ခင်း အချိန်)
ချွေးတွေထွက်နေသည်။
ကိုယ်ရံတော်များ အတွက် အထူးပြုလုပ်ထားသော အားကစားခန်းမထဲမှ ကျွန်တော် ထွက်လာခဲ့သည်။ ချွေးစိုနေသော အင်္ကျီက အသားတွင် ကပ်နေပြီး စေးကပ်ကပ် ခံစားနေရသည်။ ကျွန်တော် မနက်ခင်းတိုင်းတွင် ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်း လုပ်လေ့ရှိသည်။
ဒီနေ့ မျိုးနွယ်စုငယ် အိမ်တော်ကို ခိုး၀င်ဖို့ ပြင်ဆင်ရန် အတွက် လေ့ကျင့်ခန်း ပိုလုပ်ဖြစ်သည်။
အိမ်ထဲသို့ ၀င်ရင်း ရေခဲသေတ္တာဆီသွားကာ ရေတစ်ဗူးယူလိုက်သည်။ ချွေးအရမ်းထွက်ပြီးနောက် ရေငတ်ပြေစေရန် အတွက် ဖြစ်သည်။"ဟေ့... မင်း... မတွေ့တာ နှစ်ရက် ရှိပြီနော်!!!"
ကျွန်တော် ရေကို မော့သောက်နေစဉ် ရင်းနှီးနေသော အသံကို ရုတ်တရက်ကြားလိုက်ရ၍ ပါးစပ်ထဲက ရေပင် ပြန်ထွက်လုနီးပါးဖြစ်သွားသည်။ ကျွန်တော် အမြန်လှည့်ကြည့်လိုက်တော့ ထိုသူက ကျွန်တော်နှင့် မလှမ်းမကမ်းမှာ ရောက်နေသည်။
"သခင်လေး Vegas... "
ကျွန်တော် သူ့နာမည်ကို တိုးတိုးခေါ်ရင်း ဦးညွှတ်၍ နူတ်ဆက်လိုက်သည်။
" လေ့ကျင့်ခန်း လုပ်နေတာလား? မင်း ချွေးတွေထွက်နေတယ်"
သခင်လေး Vegas ၏ လေသံက ပုံမှန်ဖြစ်ပေမယ့်
သူ့အကြည့်ကတော့ ကျွန်တော့်ကို ခေါင်းစ ခြေဆုံး ကြည့်နေသည်။"ဟုတ်ကဲ့....
မနက်ခင်း အစောကြီး ရှိသေးတယ်...
ဘာကိစ္စ ရှိလို့လဲ ? သခင်လေး Vegas"ကျွန်တော် စကားလမ်းကြောင်း လွှဲလိုက်ပြီး သူ့လက်ထဲကိုင်ထားသော စာရွက်စာတမ်းတွေကို ကြည့်နေမိသည်။
"ဦးလေး ဆီလာတာ... ဒီစာရင်းမှာ သူ့လက်မှတ်ထိုးဖို့
အရေးတကြီး ဖြစ်နေလို့... အဖေကလည်း အခြားရောက်နေတော့ သူ့အစား လာခဲ့လိုက်တာ"သခင်လေး Vegas က ကျွန်တော့်ကို မကြည့်ပဲ ပြောနေသည်။ သို့သော် သူ့က မှောက်မိုက်နေသော မျက်၀န်းများဖြင့် ကျွန်တော့် ရင်ဘတ်ကို စိုက်ကြည့်နေသည်။
"အာ.. သူဌေး Korn က နိုးနေလောက်ပြီ...
သူ့ရုံးခန်းကို လိုက်ပို့ပေးပါမယ်...
ကျွန်တော့်နောက်က လိုက်ခဲ့ပါ..."

YOU ARE READING
လူဆိုးလေးရဲ့ ကိုယ်ရံတော် (သို့) ကိုယ်တို့နှစ်ယောက်ရဲ့ ချစ်ပုံပြင်
Narrativa generaleအရမ်းနှစ်သက်ရလွန်းလို့ ဘာသာပြန်လိုက်ပါတယ်။