Chapter-2.2

87 8 0
                                    

Pete POV

သခင်လေး Khun ကတော့ သူ့ရဲ့ ကိုယ်ပိုင်ကမ္ဘာထဲ
ရောက်နေပုံရသည်။ ကျွန်တော့်တို့ အားလုံး ပြိုင်တူ သက်ပြင်း ချမိကာ လက်လျော့သော အမူအယာဖြင့်
တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် ကြည့်နေကြသည်။ စကားလမ်းကြောင်းပြောင်းတာပဲ ကောင်းပါတယ်။

"Arm... ငါ CCTV နဲ့ ပတ်သတ်ပြီး စိတ်ပူတယ်... မင်း ကူညီနိုင်မယ် ထင်လား? "

ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်းလေး Arm ကို မေးလိုက်သည်။ Arm က ဒီလို နည်းပညာတွေနဲ့ ပတ်သတ်ရင် တော်သည်။ ကျွန်တော်ကတော့ ဒီနေရာမှာ ဇီးရိုးသာ ဖြစ်သည်။

"ငါ အရင် ကြည့်ဦးမယ်.. သူတို့ရဲ့ စနစ်ထဲ ထိုးဖောက်၀င်နိုင်ပါ့မလား မသေချာသေးဘူး...
သူတို့စနစ်ထဲ ၀င်နိုင်ရင်တော့ ... အိမ်ထဲ အ၀င် အထွက် က လွယ်သွားလိမ့်မယ်"

မနက်ဖြန် သခင်လေး Vegas တို့ အိမ်ထဲ ခိုး၀င်ပြီး သက်သေခံပစ္စည်း ရှာရမည်ဆိုတာ Arm တို့ကို ပြောပြထားသည်။ သူတို့လည်း ကျွန်တော်နှင့် အတူ လိုက်ခဲ့ချင်ပေမယ့် ကျွန်တော် တစ်ယောက်တည်း လှုပ်ရှားတာက ပိုလွယ်လိမ့်မည်။ သခင်လေး Kinn ကလည်း ဒီကိစ္စမှာ အခြားသူ ၀င်မပါစေချင်ပဲ အမှား နည်းအောင် ပြုလုပ်ရမည်။

ကျွန်တော်တို့ သခင်လေး Vegas အိမ်ရောက်၍ ကားရပ်သည်နှင့် ချက်ချင်း ပတ်၀န်းကျင် တစ်ဝိုက် သေချာ ကြည့်လိုက်သည်။ သခင်လေး Vegas ကို ရက်အတော်ကြာ စောင့်ကြည့်ခဲ့တာကြောင့်
အိမ်အပြင်ပိုင်း ဖွဲ့စည်းပုံကို သေချာသိသည်။ ဒါပေမယ့် ကျွန်တော် ပြောသလိုပဲ အိမ်အတွင်းပိုင်း ဖွဲ့စည်းပုံကို မသိပေ။ သခင်လေး Tankhun နောက်မှလိုက်ပြီး အိမ်နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို တတ်နိုင်သမျှ မြန်မြန် မှတ်ထားရမည် ဖြစ်သည်။

"အိုး!!! မင်း ဒီကို ဘာလို့ ရောက်လာတာလဲ?"

ကော်ဖီကို ဖြေးဖြေးခြင်းသောက်ရင်း ရုံးခန်းဆီသို့ ဦးတည်နေသည့် သူဌေး Kun က ပြောလာသည်။ ထို့နောက် အကြောက်အလန့်ကင်းစွာဖြင့် အိမ်ထဲသို့ ၀င်လာသော သခင်လေး Khun ကို လှည့်ကြည့်နေသည်။ ဦးလေး ဖြစ်သူမှာလည်း သခင်လေး Khun အိမ်ထဲ၀င်လာတာမြင်ပြီး သောက်နေသည့် ကော်ဖီပင် ထွေးထုတ်မိမတတ်ဖြစ်‌နေ
သည်။

လူဆိုးလေးရဲ့ ကိုယ်ရံတော် (သို့) ကိုယ်တို့နှစ်ယောက်ရဲ့ ချစ်ပုံပြင်Where stories live. Discover now