Chapter-1.1

118 9 0
                                    

Pete POV

ငါ ဘာဆက်လုပ်ရမလဲ? မတွေးတတ်တော့ဘူး...!!!

ကျွန်တော် ခေါင်းကို အဓိပ္ပါယ်မဲ့ ယမ်းနေမိသည်။
ကျွန်တော့်  ဘ၀ကတော့ မိနစ်တိုင်း ပိုခက်ခဲနေတော့တာပဲ
အနားမယူရဘူး ပြီးတော့ အကူအညီလည်းမဲ့နေပြီ။ ယခု အခြေအနေနှင့်
အိမ်သို့ ပြန်ရောက်သော အခါ ကျွန်တော့်မှာ အတော်လေး
ဖိအားများနေပြီဖြစ်သည်။

သေစမ်း!!!
ငါ အမှားထပ်လုပ်မိပြန်ပြီ...

" ဘယ်လိုဖြစ်လို့ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် ဖြစ်နေတာလဲ?"

Armက ကျွန်တော်ကို ကြည့်ပြီး အဖြေမရ ဖြစ်နေသည်။

"ငါ စိတ် ပင်ပန်းနေလို့!!!"

ကျွန်တော် ပြန်ဖြေလိုက်ပြီး လက်ကို တင်ပါးပေါ် ထောက်ထားလိုက်သည်။ မျက်ခုံးနှစ်ခုက တွန့်နေပြီး
ကျွန်တော့် ခေါင်းထဲမှာ သွေးကြောတွေ ခုန်နေတာကို
ခံစားမိနေသည်။ အခုလို ဖြစ်နေတာ ရက်အနည်းငယ် ရှိပြီဖြစ်သည်။ ကျွန်တော်ထင်တယ် ဒီအတိုင်းသာ ဆက်ဖြစ်နေရင် ဦးနှောက်ထဲက သွေးကြောတွေ တစ်နေ့နေ့‌‌
တော့ ပေါက်ထွက်ကုန်တော့မည်။

"မင်းက ဘာတွေ စိတ်ဖိစီးနေတာလဲ?"

အခြားကိုယ်ရံတော် တစ်ယောက်က ရောက်လာပြီး ထမင်းပန်းကန်ကို စားပွဲပေါ်တင်ကာ ကျွန်တော့်ကို
အထူးအဆန်းကြည့်လာသည်။

"Arm !!! "

ကျွန်တော် ထိုင်ခုံကို ဆွဲယူ၍ Arm ဘေးတွင် ၀င်ထိုင်ရင်း မျက်ခုံးပင့်၍ မေးလိုက်သည်။

"သခင်လေး Vegas နောက်ကို နောက်ယောင်ခံ ပြီး ခိုးလိုက်ဖို့ ငါ့ အစား မင်းလုပ်ပေးလို့ ရမလား?"

ကျွန်တော် အတည်မေးနေတာ ဖြစ်သည်။

"ဘာလို့လဲ... ဘာလို့ ငါလဲ?
မင်း အခုလို ဖြစ်နေတာ နှစ်ရက်လောက် ရှိပြီနော်?! "

Arm က ကော်ဖီ ခွက် ကို ချထားလိုက်ပြီး လက်ပိုက်ကာ ကျွန်တော့်ဘက် လှည့်ကြည့်လာသည်။

" ကျစ်!!!!"

ကျွန်တော် ခေါင်းကို ယမ်းနေမိသည်။ သူတို့ နှစ်ယောက်ကတော့ ကျွန်တော်၏ စိတ်ရှုပ်ပြီး နားလည်ရခက်သော အပြုအမူ ကို ထိုင်ကြည့်နေသည်။

လူဆိုးလေးရဲ့ ကိုယ်ရံတော် (သို့) ကိုယ်တို့နှစ်ယောက်ရဲ့ ချစ်ပုံပြင်Where stories live. Discover now