Chapter-3.1

55 5 0
                                    

Vegas POV

"မင်း နဲ့ သူဌေး Kan က ငါ့ကို ကူညီရမယ်...
မဟုတ်ရင် ငါတို့ အားလုံးသေမှာပဲ"

Big ပြောပြီး အခန်းထဲကနေ ထွက်သွားသည်။
ကျွန်တော် Big ရဲ့ အပြုအမူကြောင့် စိတ်အနှောက်အယှက်ဖြစ်ကာ ဒေါသအလွန်ထွက်လာသည်။
အကျိုးအကြောင်း မစဉ်းစားပဲ အချက်အလက်တွေကို အခြားလူတွေကို
ရောင်းစားလိုက်တဲ့  Big ရဲ့ လုပ်ရပ်ကြောင့် အားလုံးရှုပ်ကုန်ပြီ။ ဒါကနေ ဟာကွက်တွေ့ပြီး ကျွန်တော်တို့ကို မိသွားမယ့်
သက်သေရသွားနိုင်သည်။
ကုမ္ပဏီအတွင်းမှာ အကျင့်ပျက်ခြစားမှု့အကြောင်း နဲ့ ကျွန်တော် Kinn ကို နောက်ကျောဓါးထိုးဖူးတဲ့ ဇာတ်လမ်းက  သတင်းပြန့်နေလောက်ပြီ ။

"ဘုရားသခင်!!!"

ကျွန်တော် စဉ်းစားလေ ပိုပြီး စိတ်ဆိုးထိတ်လန့်လာလေ ဖြစ်နေသည်။ Big အရမ်း မိုက်မဲလွန်းတယ်!!! ဒီလို ဉာဏ်မရှိတဲ့ကောင်နဲ့ ဘာလို့  လက်တွဲခဲ့မိတာလဲ? ဘယ်သူမှ သူတို့ ဘာလုပ်‌ခဲ့တယ်ဆိုတာ သေချာမစဉ်းစားဘူး။
Tawan လည်း အတူတူပဲ... အရူးလိုပဲ
မိုက်ကန်းတဲ့ လုပ်ရပ်တွေ လုပ်နေသည်။

ကျွန်တော် စားပွဲပေါ်ရှိ အရာ၀တ္တုများကို အဝေးလွှင့်ပစ်လိုက်သည်။ ဒီနေ့  လူအများကြီးက ကျွန်တော့်ကို ခေါင်းကိုက်အောင် လုပ်နေသည်။ ဂိုထောင်ကို သွားတုန်းကလည်း
Tawan က သူတို့ကို ရှာပြီး  Kinn ရဲ့  လည်ပင်းကို ဖက်ကာ ခန်းမထဲ၀င်သွားသည်။ ထို့နောက်  Kinn's ရဲ့  စာတွေကို သူဆီပို့တာ ကျွန်တော်ဖြစ်ကြောင်း ပြောနေသည်။
ဒါတော့ ကျွန်တော် တကယ်လုပ်ခဲ့ကြောင်း ၀န်ခံတယ်။

ပြီးတော့ ကျွန်တော် Porsche ကို ထပ်ပြီး  လိမ်ညာဖို့  မစဉ်းစားတော့ဘူး။ ကျွန်တော် နောင်တ ရပြီး   မှားခဲ့ကြောင်း ၀န်ခံချင်သည်။ ကျွန်တော် ဘယ်လောက်ပဲဆိုးဆိုး...  ကိုယ်ချစ်တဲ့ တစ်စုံတစ်ယောက်ရဲ့ ခံစားချက်ကိုတော့ နာကျင်အောင် မလုပ်နိုင်ဘူး။

ဒါပေမယ့် အခုချိန်က Porsche ကျွန်တော့်ကို လက်ခံစေရန် ရှင်းပြဖို့ အချိန်ကောင်း မဟုတ်ပေ။ ကျွန်တော် Porsche နှင့်  အစက ပြန်စတင်ရမယ် ဒါပေမယ့် ဘာဆက်လုပ်ရမည် မသိဖြစ်နေသည်။ 

လူဆိုးလေးရဲ့ ကိုယ်ရံတော် (သို့) ကိုယ်တို့နှစ်ယောက်ရဲ့ ချစ်ပုံပြင်Where stories live. Discover now