Pete POV
ဒုတိယ အကြိမ် ထပ်မိသွားပြီဖြစ်သည်။
မနက်ခင်း အိမ်က ထွက်လာထဲက ခြေလှမ်းမှားခဲ့တာ ဖြစ်ရမယ်။ ဒီ မနက် မျက်လုံးဖွင့်ဖို့တောင် မေ့ခဲ့တာများလား? ိုး!!!"အာ... သခင်လေး Vegas !!!! ထပ်တွေ့ပြန်ပြီနော်
တိုက်ဆိုင်လိုက်တာ? "ကျွန်တော် လှည့်ပြီး ပြုံးပြလိုက်သည်။ ကျွန်တော် စိတ်ထဲ အရမ်းအိပ်ချင်နေသော်လည်း မျက်လုံးကို အတင်းဖွင့်
ထားရသည်။"ကမ္ဘာကြီးက တိုက်ဆိုင်မှု့တွေနဲ့ ပြည့်နေတာလေ"
သခင်လေး Vegas က သူ့လက်ကို အိပ်ထောင်ထဲ ထည့်ထားရင်း စကားပြောနေသည်။ ကျွန်တော်ကတော့ ပေါက်ပေါက်ဗူး ရရန်စောင့်နေလိုက်သည်။
"အာ!!! ဒါက အစ်ကို TanKhun ရဲ့ ကိုယ်ရံတော်ပဲ....
အစ်ကို TanKhun လည်း ဒီနားရောက်နေတာတော့
မဟုတ်ပါဘူးနော်... !!!"Macau က သံသယဖြင့် ဘေးကြည့်လိုက် ညာကြည့်လိုက်
လုပ်နေသည်။"မပါဘူး... မင်း တစ်ယောက်တည်း လာတာ ဖြစ်ရမယ်? "
သခင်လေး Vegas က မျက်လုံးကို မှေးပြီး စိုက်ကြည့်နေသည်မှာ ဗီလိန်ကောင်ပုံ ပေါက်နေသည်။
"မင်း ရုပ်ရှင်ကြည့်ဖို့ လာတာလား?
ဒီနေ့ အပြင်အ၀တ်အစား ၀တ်ထားတာပဲ... ပုံမှန်ဆို မင်းတို့ ဒီလို ၀တ်လို့ကတော့ အစ်ကို TanKhun စိတ်ဖောက်သွားလိမ့်မယ်... သူ့ရဲ့ လူတွေက ၀တ်စုံပြည့် နဲ့ လည်စီး ၀တ်ရပြီး
စီတန်းလမ်းလျှောက်ရတာကို"Macau က သခင်လေး TanKhun အကြောင်းကို
ပျင်းစရာ ကောင်းသည့် အမူအယာနှင့် ပြောပြနေသည်။ သူပြောတာတွေက အရင်ကတော့
ဟုတ်ခဲ့ပေမယ့် ယခုနောက်ပိုင်း Porsche က စံအိမ်တစ်ခုလုံးကို အကုန်ပြောင်းလဲ ပစ်လိုက်ပြီဖြစ်သည်။
အရင်ကနှင့် မတူတော့ပဲ အခုဆို သခင်လေး Tankhun ပင် ကလပ်သွားလျှင် အပြင်ထသွားထလာ
အ၀တ်အစားကို
မကြာခဏ ပြောင်း၀တ်လာတတ်သည်။ကျွန်တော် အသက်မ၀င်သော အပြုံးဖြင့် ပြုံးနေမိသည်။
ထို့နောက် ၀န်ထမ်းလေး ကမ်းပေးလာသော ပေါက်ပေါက်ဗူးကို လှည့်ယူလိုက်သည်။

YOU ARE READING
လူဆိုးလေးရဲ့ ကိုယ်ရံတော် (သို့) ကိုယ်တို့နှစ်ယောက်ရဲ့ ချစ်ပုံပြင်
قصص عامةအရမ်းနှစ်သက်ရလွန်းလို့ ဘာသာပြန်လိုက်ပါတယ်။