[အုပ်ကြီးရဲ့နိဒါန်း]

60.8K 1.9K 116
                                    


Unicode
~~~~~~~

အုပ်ကြီးဖြစ်ရတာလုံးဝလွယ်ကူမနေဘူး။

ဒါကိုအုပ်ချုပ်ရေးမှူးလုပ်ဖူးတဲ့လူတိုင်းသိတယ်။ အရည်အချင်းပြည့်ဝတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်လာဖို့အတွက် ငါတို့တွေက နည်းလမ်းတွေအများကြီးကို နှလုံးသားထဲမှာ​​တံဆိပ်ရိုက်ထားရတယ်။

ဥပမာ - ရပ်ကွက်သူရပ်ကွက်သားတွေအပေါ်
အဖေရင်းနဲ့မခြားနှလုံးသားနဲ့စောင့်ရှောက်ရမယ်။
ခန္ဓီပါရမီပြည့်ရမယ်၊ စွန့်လွှတ်တတ်ရမယ်။
အဲ့တာအပြင် လိုအပ်တဲ့အခါ အိတ်စိုက်တတ်ရမယ်၊မျက်နှာပြောင်တိုက်တတ်ရမယ်၊ ရွှီရှောင်လုပ်တတ်ရမယ်၊ရှောင်လင်သိုင်းတတ်ရမယ်၊ ဒါကအခြေခံလိုအပ်ချက်တွေပဲ။

ငါ့နာမည်က 'ကျော်ဇေယျာနိုင်' အသက်က '၃၀'ရှိပြီ။
ငါက'အေးချမ်းသာယာ'ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။​

ပြီး​တော့ဒီရပ်ကွက်ထဲကငယ်မွေးခြံပေါက်
လဲဖြစ်တယ်။ ငါတို့တစ်မျိုးလုံးက ဆွေစဥ်မျိုးဆက်အုပ်ချုပ်ရေးမှူးလုပ်စားလာတဲ့ မျိုးရိုးဆိုတော့
ငါလဲပဲ အသက်'၂၅'နှစ်မှာ
အရည်အချင်းပြည့်ဝတဲ့ အုပ်ချုပ်ရေးမှူး
တစ်ယောက်ဖြစ်လာတာပေါ့ကွာ။

အမ်း..မင်းသာခေါင်းကောင်းပြီး တွေးခေါ်တတ်တဲ့လူဆိုရင် အပေါ်ကစာပိုဒ်ကိုဖတ်ပြီးကျိန်းသေ
ပေါက် ငါ့ကိုမေးစရာရှိနေလိမ့်မယ်။

'လေးနှစ်တစ်ခါ အုပ်ချုပ်ရေးမှူးရွေးပွဲ
ရပ်ကွက်မှာလုပ်တယ် မဟုတ်ဘူးလား။
ဘာကြောင့်မင်းတို့မျိုးရိုးက အုပ်ချုပ်ရေးမှူးမျိုးဆက်လဲဆို​ပြီး မေးစရာရှိလာလိမ့်မယ်။
ဒါပေမဲ့ အဲ့တာထက်ပိုပြီး မင်းတို့က အထက်ကို
လာဘ်ထိုးပြီး အုပ်ချုပ်ရေးမှူးနှစ်တိုင်းဖြစ်နေတာလား'လို့ ငါတို့သိက္ခာကိုထိပါးတဲ့အထိတွေးမိ
လာရင်တော့ မင်းရဲ့ကောင်းလွန်းတဲ့ခေါင်းကို
ပလက်ယာနဲ့ဖွင့်ပြီး ဦးနှောက်ကိုခွေးသွား
ကျွေးလိုက်ဖို့ ငါပြောချင်တယ်။

ငါတို့ကအမြဲတမ်း သမာသမတ်ကျသလို ရွေးကောက်ပွဲမှာလဲ လာဘ်ကင်းကင်းနဲ့ဝင်ပြိုင်တာ။ ဘာကြောင့်ငါတို့မျိုးရိုးတစ်လျှောက် အုပ်ကြီးဖြစ်လာတာလဲမေးချင်ရင် ငါ့ကိုလာမမေးဘဲ
ငါ့ရပ်ကွက်က လူတွေကိုပဲမေးကြည့်ပေါ့ကွာ။

"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )Where stories live. Discover now