Unicode
~~~~~~~"တောက်ခ်...ရန်ငြိမ်းအောင်
မင်းဘာလုပ်လိုက်တာလဲ!။""အဟက်..မမြင်ဘူးလား။
တမင်တကာရိုက်ချလိုက်တာလေ။"စီးကရတ်ကိုဖိနပ်ထိပ်နဲ့ဖိပြီး အရေးမပါသလိုပြောလာတဲ့ကောင်ကိုကြည့်ပြီး ငါ့မှာအသည်းတွေယားလွန်းလို့နားထဲကလေပူတွေပါထွက်လာရတယ်။
"တမင်တကာလုပ်ရအောင်
အဲ့တာမင်းသောက်ဆံနဲ့ဝယ်ထားတဲ့ဟာမို့လို့လား
မကောင်းတဲ့အကောင်ရဲ့!။""အဟွန်း..အဲ့တာကရော မင်းသောက်ဆံနဲ့ဝယ်ထားတာမို့လို့လား ။အလကားရထားတဲ့ဟာကြီးကို။
စျေးထဲကလိုအသံပြဲနဲ့လာအော်မနေနဲ့။""အော်တော့ဘာဖြစ်လဲ...အဲ့တာငါ့သောက်ကြောင်းလေ။မင်းကသူများဟာကိုလဲဖျက်စီးသေးတယ် အသံကောင်းဟစ်နေရအောင်မင်းကဘာကောင်မို့လို့လဲ!။"
စကားပြောအချိုးမပြေချက်ကတော့..တွေ့တဲ့အတိုင်းပဲ။ငါနော်..ဒေါသထွက်လိုက်တာဆိုတာ
ဘေးနားမှာရှိတဲ့အုတ်ခဲနဲ့သာပြေးရိုက်ပလိုက်ချင်တယ်။အဲ့ကောင်က တကယ်ကိုလူလိုနားမလည်တာ။"ငါဘာကောင်လဲဆိုတာ မင်းမသိဘူးလား။
ပြန်မှတ်မိသွားအောင် ခေါင်းရိုက်ခွဲပေးရမလား
ဟမ်!!။"လေသံမာမာနဲ့ ငါ့ကိုခြိမ်းခြောက်လာတဲ့ကောင်က
သူ့ကိုယ်သူနှစ်လုံးထီရောင်းတဲ့ကောင်ဆိုတာမေ့နေတဲ့ပုံပဲ။အဟား...ရန်ငြိမ်းအောင်တို့ကတော့ ငါ့ကိုလူသတ်ချင်လာအောင်လာလုပ်နေပြီ။"မင်းလိုကောင်ကိုငါကကြောက်ရမှာလား။
လုပ်ရဲရင်လုပ်ကြည့်လိုက်လေ..ဒီမှာ
ဘယ်သူ့ကိုမှမကြောက်လို့အုပ်ကြီးလုပ်နေတာကွ!။""ဟုတ်လား..ငါ့ကိုဆိုရင်တော့ဖင်တုန်အောင်
ကြောက်တယ်ထင်နေတာ။""အား...ရန်ငြိမ်းအောင် မင်းကိုငါဒီနေ့ရအောင်
လုပ်သတ်မယ်။"ပြဲလန်နေအောင်အော်ပြီး သူ့ဆီပြေးဝင်လာတဲ့ဂျပုကို
ရန်ငြိမ်းအောင် ခါးကနေဆွဲဖမ်းထားလိုက်တယ်။
ဒေါသတကြီးရိုက်နှက်လာတဲ့ ရင်ဘက်ကလက်သီးဆုတ်တွေကအားပြင်းလွန်းလို့ သူ့နှလုံးကွဲပြီလားတောင်ထင်ရ။ဒီလက်သီးစုပ်သေးသေးလေးတွေမှာ အတွင်းအားဘယ်လောက်တောင်ခိုအောင်းနေလေသလဲ။
YOU ARE READING
"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )
Short StoryFluff,BL,Short story. "အေး..အေးကွာ..ချစ်တယ်ကွာဘာဖြစ်လဲ။ မင်းကလူမိုက်..ငါကအုပ်ကြီး ဘယ်ကောင်က လှန်ရဲမှာလဲ။" အသုံးအနှုန်းအချို့အတွက် ၁၅ နှစ်အောက်ကလေးငယ်တွေမဖတ်သင့်ပါ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~ Fluff,BL,Short story. "ေအး..ေအးကြာ..ခ်စ္တယ္ကြာဘာျဖစ္လဲ။...