[Valentine's Day Special Episode]

10.7K 1K 234
                                    

Unicode
~~~~~~~

မနက်ခင်းလေးဟာနိုးလာတာနဲ့စတင်ပြီး အမြင်ကတ်စရာကောင်းပါတယ်။  ပြတင်းပေါက်ကိုဖွင့်လိုက်တာနဲ့ဇောက်ကလေးတွေက လမ်းမှာဆင်တူတာတွေရော၊မဆင်တူတာတွေပါဝတ်ပြီး ဘုရားဖူးဖို့၊လျှောက်လည်ဖို့ တာစူနေကြပြီ။ ပတ်ဝန်းကျင်ကိုနည်းနည်းလေးတောင်အားနားမှုမရှိကြဘူး။

'ဝုန်းး!!'

အမြင်ကတ်ကတ်နဲ့ငါလဲပြတင်းပေါက်တံခါးကို
ဆောင့်ပိတ်ပစ်လိုက်တယ်။

အမှန်က အဲ့ချစ်သူများနေ့ဆိုတာတစ်နှစ်မှာတစ်ခါပဲလာလို့အပိုဆာဒါးတွေလုပ်နေကြတာ။နေ့တိုင်းသာဖြစ်ကြည့်ပါလား အကုန်ရူးတောင်သွားအုံးမယ်။
ငါတို့ကတော့ ရှင်းရှင်းပဲပကာသန​တွေကိုမခုန်မင်ဘူး။ အချစ်အစစ်မှာ စျေးကြီးတာတွေမလိုအပ်ဘူးလေ။

"မေကြီးကလဲ..စားစမ်းပါ။
မင့်သားမနိုးခင်အမြန်စားလိုက်..တော်ကြာ​မြင်သွားရင်ပွစိပွစိလုပ်နေလိမ့်မယ်။"

​အိမ်နောက်ဖေးအဝမှာအတူထိုင်ပြီး ချောကလက်ကျွေးနေပုံရတဲ့စုံတွဲက ငါ့ကိုမြင်ပုံမရဘူး။ပြောပုံက
မသိရင်ငါကပဲအဖျက်သမားကြီးလိုလိုဘာလိုလိုနဲ့။
ငါလဲဒီမိသားစုဝင်ပါဟ...တစ်ဦးတည်းသောသားလေးပါ။ ငါ့ကျဘာလို့ချောကလက်လေးတစ်ခုတောင် မသထာတာလဲ။

"အဟမ်း..ချောကလက်ကအရသာရှိရဲ့လား!။"

"အဟွတ်...!!"

ငါက မီးဖိုချောင်ထဲကဆားဘူးနဲ့၊မီးသွေးတုံးတစ်တုံးကိုလှမ်းယူရင်းခပ်တည်တည်မေးလိုက်တော့ အမေ့ရဲ့ချောင်းဆိုးသံကထွက်လာတယ်။အဟင်း..သိပ်လန့်သွားတဲ့ပုံပဲ။

"ဟိတ်ကောင်..စောစောစီးစီးဘာထလုပ်တာလဲ!။"

အသားလွတ်လာမာန်တဲ့အဖေကြောင့် ငါလဲနည်းနည်းတော့ချဥ်စူးသွားရတယ်။ မကျေမနပ်နဲ့နှစ်ယောက်ကြားထဲကဖြတ်လျှောက်ပြီး ကျောက်စည်ဆီကိုသွားလိုက်တော့တစ်ယောက်နဲ့တစ်ယောက်တွဲထားတဲ့ လက်တွဲလဲပြုတ်သွားရော။

"နေပါစေ..မိန်းမရယ်၊ မနာလိုသူတွေကတော့
ဖျက်လိုဖျက်စီးလုပ်မှာပေါ့။သူတို့က ချစ်သူကကျွေးတဲ့ချောကလက်မှမစားဖူးတာရယ်။"

"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )Dove le storie prendono vita. Scoprilo ora