[အုပ်ကြီးရဲ့သင်ခန်းစာများ(၁) ]

22.7K 1.5K 379
                                    

Unicode
~~~~~~~

ငါတို့ရပ်ကွက်လေးကသာမန်ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုပါပဲ။ဒါကြောင့် လူတန်းစားပေါင်းစုံလဲရှိသလို ဘဝတွေကလဲအရောင်စုံတယ်။
ဈေးသည်၊ ပန်းသည်၊ မုန့်သည်၊ အနှေးယာဉ်သမား၊
ကယ်ရီသမား ၊ စပါယ်ရာသမား ဒါတွေက
တို့ရပ်ကွက်ထဲက လူအများစုလုပ်ကိုင်ကြတဲ့
ထမင်းစားအလုပ်တွေပဲ။

ငါအုပ်ကြီးမဖြစ်ခင်အချိန်တုန်းကတော့
ဆယ်အိမ်မှူးအဖြစ်နဲ့ ငါ့အဖေနောက်ကနေ
လေးနှစ်လောက်လိုက်ခဲ့ဖူးတယ်။
ဒါကြောင့် ဒီရပ်ကွက်က လူတွေရဲ့အကြောင်း
နဲ့ပတ်သက်လို့ ငါမသိတာမရှိသလောက်ဘဲ။
ဆယ်အိမ်မှူးဘဝတုန်းကတော့ ရုံးကကိစ္စကိုပဲ
အများစုလုပ်ရတာကြောင့်ပြဿနာတွေလိုက်မရှင်းရပေမဲ့ ငါအုပ်ကြီးဖြစ်ပြီး တစ်ရက်နဲ့တစ်မနက်မှာပဲ
ပြဿနာထုတ်ကြီးက ငါ့ခေါင်းပေါ် ပြုတ်ကျလာပါလေရော။

ပြန်ပြောပြရမယ်ဆိုရင်တော့
အဲ့ဒီနေ့မနက်မှာ မိုးလေးကတဖွဲဖွဲနဲ့
မတော်လိုက်ရတဲ့ရည်းစားကိုတောင် သတိရစေတဲ့အထိ ခပ်ဆွေးဆွေးလေးရွာနေခဲ့တာပေါ့ကွာ။

ငါ့မှာ ရေဒီယိုကလာတဲ့ 'လေးဖြူ 'သီချင်းလေး
နဲ့ ကွေးနေတုန်း ငါ့တပည့်ကအပြေးရောက်လာပြီး 'ရပ်ကွက်ထဲကို လာတဲ့ရဲနဲ့ ရန်ငြိမ်းအောင် တို့ အုပ်စု ပြဿနာတက်နေတယ်'ဆိုပြီးသတင်းပို့လာတယ်။

ဒီလိုနဲ့ငါ့မှာအလန့်တကြားနဲ့ ပိုဆိုးကိုတိုတိုဝတ်၊ မိုးကာကောက်စွတ်ပြီး တစ်ဖက်လမ်းက
'ဦးဖိုးအေး'တို့ခြံဆီပြေးရတော့တာပေါ့။

ငါ့နှယ်...လမ်းမှာသုံးခေါက်လောက်ချော်လဲ
သွားရတဲ့အထိပဲ။

'ရန်ငြိမ်းအောင်' ဆိုတဲ့ကောင်က နာမည်ကသာ
ငြိမ်ငြိမ်သိမ်သိမ်၊ အတိတ်ကောင်း၊ နိမိတ်ကောင်းရှိတာ။ဟမ့်...လူကတော့လား ရပ်ကွက်ထဲမှာ စည်ခနဲဆို ဘယ်သူလဲမမေးနဲ့ အဲ့ကောင် ရန်ငြိမ်းအောင် က
ထိပ်ဆုံးက။ သူ့အဖေ ဦးဖိုးအေးက အ​ေနအေးသလောက် သင်း(ဒင်း)ကတော့ ငါတို့ရပ်ကွက်
တကြောမှာလူမိုက်ပဲ။ ဒါကြောင့် ငါကတော့
သူ့ကို'ရန်ငြိမ်းအောင်'လို့မခေါ်ဘဲ'ရန်မီးလောင်'လို့ပဲ
ခေါ်တယ်။

"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )Where stories live. Discover now