[ရန်ဖြစ်ကြပြန်ပြီ]

13.1K 1.3K 230
                                    

Unicode
~~~~~~~

အဲ့ဒီနေ့က ငါလဲတင်ပါးကိုမီးဟပ်တဲ့အမှုနဲ့အတော်ကိုခံလိုက်ရတယ်။ ရန်ငြိမ်းအောင် ငါ့ကိုဆေးရုံအပို့မြန်လို့သာပေါ့။ ဆေးရုံကိုသွားနေတဲ့လမ်းမှာလဲ တင်ပါးမှာအရည်ကြည်ဘုကြီးထလာလို့ငါ့မှာထိုင်လို့တောင်မရဘူး ကားနောက်ခန်းကနေမှောက်ခုံကြီးလိုက်သွားရတာ။

ဟိုကိုရောက်တော့လဲ ဒေါက်တာလေးတွေ၊ နာ့စ်လေး
တွေက "ဘယ်လိုဆော့လို့ တင်ပါးမီးလောင်တဲ့အထိဆော့လာရတာလဲ"ဆိုတာချည်းပဲ။ ငါ့မှာလေ ပတ်ခနဲပြန်​ပြောချင်လိုက်တာဆိုတာ... မနည်းထိန်းထားရတယ်။

အဲ့နေ့ညကတော့ ထုံးစံအတိုင်းပဲလေ တင်ပါးကိုဆေးထည့်ဘာညာနဲ့အတော်လေးမိုးချုပ်မှအိမ်ပြန်ခဲ့ရတာပေါ့။အခုတော့လဲ သက်သာနေပါပြီ ...ညာဘက်တင်ပါးမှာတော့မီးလောင်ကွက်ကျန်ခဲ့မယ်ပြောတယ်။ တော်သေးတာပေါ့ကွာ အသက်နဲ့အဝေးကြီးမို့လို့ပေါ့။

ဒါပေမဲ့ ထူးဆန်းတာတာတစ်ခုက အဲ့နေ့ကိစ္စတွေဖြစ်ပြီးကတည်းက ရန်ငြိမ်းအောင် တစ်ယောက်အိမ်ဘက်ကိုတောင်ပေါ်မလာတော့တာပဲ။ မုန့်ပုံးနဲ့၊လိမ်းဆေးမျိုးစုံကတော့ အိမ်ကိုနေ့တိုင်းရောက်လာပေမဲ့ သူ့ကိုတော့အရိပ်တောင်မမြင်ရတာမို့ စိတ်ထဲမှာတော့မတင်မကျဖြစ်နေရတယ်။

ဒီနေ့လဲ ငါအလုပ်အားနေတာမို့ ပျင်းပျင်းရှိတာနဲ့ကြောင်အိမ်ထဲကမုန့်ပုံးတစ်ပုံးကိုဆွဲပြီး အိမ်ရှေ့ကိုထွက်လာခဲ့လိုက်တယ်။ အခုလိုနေ့လည်နေ့ခင်းချိန်ဆို ကလေးတွေကအိပ်ကြ​တာမဟုတ်ဘူး။လမ်းမပေါ်မှာ ဝူးဝူးဝါးဝါးနဲ့အော်ပြီး အမျိုးစုံအောင်ဆော့ကြတာ။

မကြာခင်ကမှအသစ်ခင်းထားတဲ့မြေသားလမ်းလေးကပြန့်လို့ပြူးလို့၊အပင်ရိပ်ကလဲကောင်းတော့
ကလေးတွေလဲဆော့ရတာပိုအဆင်ပြေ​တာပေါ့။
ငါလဲ အပူပင်ကင်းကင်းနဲ့ဆော့နေတဲ့ကလေးတွေကိုကြည့်ရင်းက ဇီးပင်ကြီးအောက်မှာထားထားတဲ့ ခုံတန်းပေါ်မှာ ကူရှင်လေးချပြီး ဖြည်းဖြည်းချင်းဝင်ထိုင်လိုက်ရတယ်။

ဒဏ်ရာပြင်းတဲ့ရက်တွေတုန်းကဆို မှောက်ပဲမှောက်နေခဲ့ရတာလေ။ငါ့မှာအခုရက်ပိုင်းမှပြန်ထိုင်နိုင်တာ။

"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )Where stories live. Discover now