Unicode
~~~~~~~[မဖတ်ခင် အဆိုတော်ကံကော်တောမျိုးအောင်
ရဲ့ 'လက်ညိုးပေါင်းတစ်ထောင်၊မျက်လုံးပေါင်းတစ်သိန်း' နားထောင်ကြည့်ပါရန်။]မိုးရွာနေတာသုံးရက်ရှိပြီ။ ရပ်ကွက်ထဲကလမ်းတွေထဲမှာရေတွေနဲ့ပြည့်နေလို့မနေ့ကတင် အုပ်ချုပ်ရေးမှူးရုံးကသဲအိတ်တွေလာဖို့ပေးသွားလေရဲ့။ ဆွေးဆွေး
မြည့်မြည့်ကြီးရွာနေတဲ့မိုးက အကျိုးနည်းချမ်းလွန်းလို့ငါ့မှာရေတောင်ဆင်းမချိုးနိုင်ဘူး။ စောင်ခြုံထဲမှာကွေးနေရင်းနဲ့ပဲ ရေလွှမ်းနေတဲ့လမ်းကိုသာငေးကြည့်နေမိတယ်။နွေမဟုတ်ဘဲလဲ..သစ်ရွက်လေးတွေကြွေတတ်ပါတယ်။
နွေမဟုတ်ဘဲလဲ..စမ်းကလေးတွေ ခမ်းတတ်ပါတယ်။
"ဟာ...အမေကလဲ ဒီလောက်မိုးတွေရွာနေတာကို
ဘာကိစ္စ နွေမဟုတ်ဘဲလဲလုပ်နေတာတုန်းဗျာ။""အပေါက်ပိတ်ထား ငါ့ကိုဆရာလာမလုပ်နဲ့။
ငါကြိုက်လို့ဖွင့်တာဘာဖြစ်တုံး!။"အိမ်ထဲကနေ ကတ်ဆတ်သီချင်းထဖွင့်လာတဲ့
ငါ့အမေလဲ ဘာတွေလွဲမှားနေမှန်းမသိပါဘူး။စိတ်ညစ်ရတဲ့အထဲ ကန့်ကော်တောမျိုးအောင်နဲ့
စိတ်ဒုက္ခပါထပ်ပေးနေတာမို့ နားကိုလက်နဲ့ပိတ်ထားလိုက်ရတယ်။ ဒါပေမဲ့လဲကြားနေရတုံးပါပဲကွာ။သြော်..ရက်စက်အမုန်းတွေမောင့်ကိုပေးမဲ့
မျက်နှာလေး။"သောက်ပုကောင်..မင်း..ငါ့ရှေ့လုံးဝပေါ်မလာနဲ့!။"
စာသားအဆုံးမှာမျက်လုံးထဲပြေးဝင်လာတဲ့
ရန်ငြိမ်းအောင်ရဲ့ပုံစံကြောင့် ငါမျက်လုံးတွေကို
ယောင်ယမ်းပြီးမှိတ်ပစ်လိုက်ရတယ်။သြော်..မချိတဲ့အပြုံးကိုကြည့်ပါအုံးလို့အရှက်ပြေလေး.....
ရန်သူလို..နှင်ရက်သော..သွေးပျက်ဖွယ် ..လက်ညိုးပေါင်းတစ်ထောင်။
"သစ္စာမရှိတဲ့ မင်းလိုဂန်ဒူးနှာဘူးနဲ့မပတ်သက်ဘူး
ရှင်းလား!။"မတန်သလိုနှိမ်ကြည့်သော ရက်စက်တဲ့ မျက်လုံးပေါင်းတစ်သိန်းထဲမှာ ..
YOU ARE READING
"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )
Short StoryFluff,BL,Short story. "အေး..အေးကွာ..ချစ်တယ်ကွာဘာဖြစ်လဲ။ မင်းကလူမိုက်..ငါကအုပ်ကြီး ဘယ်ကောင်က လှန်ရဲမှာလဲ။" အသုံးအနှုန်းအချို့အတွက် ၁၅ နှစ်အောက်ကလေးငယ်တွေမဖတ်သင့်ပါ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~ Fluff,BL,Short story. "ေအး..ေအးကြာ..ခ်စ္တယ္ကြာဘာျဖစ္လဲ။...