[ရန်ကြီးရဲ့အုပ်ကြီး]

11.3K 1.1K 131
                                    

Unicode
~~~~~~~

"မခင်မာသီ ..ကလေးကိုပဲချီလိုက်​ပါ အထုပ်တွေ
ကျွန်တော်သယ်ခဲ့လိုက်ပါ့မယ်။"

ကလေးတစ်ဖက်နဲ့ ခရီးဆောင်အိတ်အကြီးကြီးကိုဆွဲပြီးအဝေးပြေးကားပေါ်ကဆင်းလာတဲ့ အမျိုးသမီးဆီကနေငါအထုပ်တွေကိုလှမ်းယူလိုက်တယ်။

အနောက်ကနေဆင်းလာတဲ့ အသက်ငါးဆယ်ကျော်အရွယ်အမျိုးသမီးကြီးကတော့ ဒေါ်ခင်ကြည် တဲ့ ငါ့အမေရဲ့သူငယ်ချင်း။ အိမ်ထောင်ဦးစီးကတော့ ဆုံးသွားရှာပြီ။အရင်ကပဲခူးမှာနေကြတယ်တဲ့လေ..အခုတော့အဆင်မပြေတော့တာနဲ့ ပိုင်ဆိုင်တဲ့ခြံလေး၊လယ်လေးရောင်းပြီးရန်ကုန်မှာလုပ်ကိုင်စားသောက်ဖို့ ရောက်လာကြရှာတာ။

သမီးဖြစ်သူ မခင်မာသီ ကတော့ သုံးနှစ်အရွယ် သားလေးတစ်ယောက်ပါတယ်။ အိမ်ထောင်ကွဲလာတာပေါ့။ဒါကြောင့်လဲငါ့အမေက ကူညီဖို့ဆုံးဖြတ်ခဲ့တာ။

"ကျေးဇူးတင်ပါတယ်..သားရယ်၊အဒေါ်တို့ကြောင့်နဲ့အလုပ်ရှုပ်ရပြီ။"

အဒေါ်ကြီးက ငါ့လက်ထဲက ဆွဲခြင်းလေးကိုပြန်ဆွဲယူပြီးပြောလာတယ်။ ဖျင်တစ်ဘက်ကိုခေါင်းပေါ်မှာတင်ပြီး၊ သနပ်ခါးတွေကိုဖုန်နေအောင်လိမ်းထားပေမဲ့ သောကတွေကိုတော့ဖုံးဖိထားနိုင်ပုံမရ။မျက်လုံးတွေကမှုန်မှိုင်းနေတာမို့ ငါလဲစိတ်​ထဲမကောင်းဖြစ်သွားရတယ်။

"ရပါတယ်အဒေါ်..ဘာမှအားမနာပါနဲ့။
အဒေါ်တို့ဒီမှာအေးအေးဆေးဆေးအခြေချလို့ရပါတယ်။ကျွန်တော်ကအစစအရာရာကူညီပေးမှာပါ။"

"ကျေးဇူးတင်ပါသားရယ် သာဓုပါ။"

"ဟုတ်ပါတယ် အစ်ကို။
ခင်မာ လဲကျေးဇူးတင်ပါတယ်။"

အပြုံးလေးတစ်ပွင့်နဲ့ပြောလာတဲ့ ခင်မာသီ ကိုလဲငါခေါင်းညိတ်ပြလိုက်တယ်။ ခင်မာသီ ကငါ့ထက်သုံးနှစ်လောက်ငယ်တယ်။ တောသူဆိုပေမဲ့ရုပ်ရည်လေးက သန့်သန့်ပြန့်ပြန့်၊ရိုးရိုး​အေးအေးလေးရယ်..ဒါကိုနှိပ်စက်ရက်တဲ့ ယောက်ျားဖြစ်သူက တော်တော်လူမဆန်တဲ့ကောင်ပဲနေရမယ်။

ဒီလိုနဲ့ငါလဲ သားအမိနှစ်ယောက်နဲ့အတူ
ကားငှားပြီး ပြန်လာခဲ့လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်
တာဝန်ယူခေါ်လာခဲ့ပြီးပြီဆိုမှတော့ တစ်ဖက်တစ်လမ်းကစောင့်ရှောက်ပေးနိုင်မှတော်ကာကျတော့မယ်မဟုတ်လား။

"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )Donde viven las historias. Descúbrelo ahora