[အထုအထောင်းခံရတဲ့အုပ်ကြီး]

10.9K 1K 330
                                    

Unicode
~~~~~~~

"ရီးကြန်...အိုက်ယား...ရီးကြန်
အရစ်ချမ်းတယ်ဟေ့!။"

အလုပ်များတဲ့ရက်သတ္တပတ်ကိုကျော်လွန်ပြီးတဲ့နောက်မှာတော့ ငါအရမ်းမျှော်လင့်ခဲ့ရတဲ့တနင်္ဂနွေနေ့လေးကိုရောက်ရှိလာခဲ့တယ်။ဒါ​ပေမဲ့လဲ
စောစောထ၊မျက်နှာသစ်၊သွားတိုက်၊မနက်စာစားပြီး ပြန်အိပ်မဲ့အချိန်မှာတော့ ချက်ချင်းဆိုသလို ငါ့ပျော်ရွှင်မှုတွေအကုန်ပျက်သုဥ်းသွားပါလေရော။

"အမေကလဲ..နားရက်လေးတစ်ရက်ရတာကို
ခိုင်းဖို့ချည်းပဲ။"

ငါစိတ်ညစ်ညစ်နဲ့ခေါင်းကုတ်ပြီး ပြောလိုက်တော့
အမေကရေနွေးကြမ်းသောက်နေရာကနေ မျက်စောင်းလှမ်းထိုးလာတယ်။

"မသွားလဲရတယ်လေ အငတ်နေလိုက်။
ငါ့ယောက်ျားကိုအပြင်က ဝယ်ကျွေးလိုက်မယ်။"

တွေ့လား..တကယ်တော့ငါကဒီအိမ်ရဲ့
တရားမဝင်သားပဲ။သိပ်ဝမ်းနည်းစရာကောင်းတယ်။

"ဘာမှမ​ပြောတော့ဘူး...ဒီအိမ်မှာကျော်ဇေယျာနိုင်ဆိုတဲ့ကျွန်တော်က ဘောင်မဝင်ဘူးဆိုတာသိပြီးသားပါဗျာ။"

ငါလဲစားပွဲဝိုင်းကနေထပြီး အိမ်နောက်ဖေးမီးဖိုချောင်ကဆွဲခြင်းတောင်းလေးကိုဝင်ယူလိုက်တယ်။သွားဆိုတော့လဲသွားရတော့မှာပေါ့ ငါမှအငတ်မနေနိုင်တာ။ ဒီလိုအချိန်မျိုးဆို ငါ့ရည်းစားကိုသိပ်သတိရတာပဲ..သူနဲ့သာဆိုရင် အဟမ်း..ပြောနေစရာကိုမလိုဘူး။ မင်းတို့အသိဆုံးဖြစ်မှာပါ။

ငါအိမ်ရှေ့ကိုပြန်ရောက်လာတော့အမေက စားလက်စဟာတွေကိုတောင် ကုန်သိမ်းပြီးသွားပြီ ငါ့ကိုမနက်စာလေးတောင်ဝအောင်မကျွေးချင်ဘူးလားမသိပါဘူးကွာ စျေးဖိုးဆိုပြီးငွေနှစ်ထောင် တန်းပေးလာပါရော။

"ဝက်သား တစ်ဆယ်သား
ဝယ်နေကျ ဒေါ်ညိုတို့ဆီမှာဝယ်။
ဆန်သုံးလုံးတစ်ထုပ်၊ ငါးပိရည်ကျိုတစ်ထုပ်၊
ငရုတ်သီးအပုတောင့်ငါးကျပ်သား၊ ကန်စွန်းရွက်တစ်စည်း။"

"မှတ်မိလား..!။"

"မှတ်မိတယ်..သွားပြီ။"

"ဟဲ့နေအုံး..စွပ်ကျယ်လေးဘာလေးလဲသွားစမ်းပါ၊
နင်နို့ပေါက်ကြီးနဲ့စျေးပတ်အုံးမလို့လား။"

"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )Tahanan ng mga kuwento. Tumuklas ngayon