[သွေးတက်သွားတဲ့အုပ်ကြီး]

16.2K 1.4K 542
                                    

Unicode
~~~~~~~

အမေထုတ်ပေးထားတဲ့
လည်ကတုံးအင်္ကျီလေးကို အညိုရောင်ယောပုဆိုး
လေးနဲ့တွဲဝတ်လိုက်ပြီးတော့ ဗီဒိုနဲ့တွဲလျက်ပါလာတဲ့ ကိုယ်လုံးပေါ်မှန်ကြီးရှေ့မှာ ငါသွားရပ်လိုက်တယ်။
ဒီနေ့ကတော့ 'ကျော်ဇေယျာနိုင်'ဆိုတဲ့ငါ
ဗိုက်ခွေးနမ်းမဲ့ နေ့ပေါ့ကွာ။

အားပါးပါး...မှန်​ထဲမှာမြင်နေရတဲ့လူက
ချောလိုက်တာဆိုတာလေ ယောက်ျားပီသတဲ့မျက်နှာသွယ်သွယ်လေးမှာ အမေ့ဆီကအမွေရထားတဲ့ မျက်ခုံးလေးကထင်း​ပြီးတန်းနေရော။ပြီးတော့
အမေကိုယ်တိုင်ညှပ်ပေးထားတဲ့ ဆံပင်ကတိုတိုကပ်ကပ်လေးနဲ့ ဘယ်သူကများအသက်သုံးဆယ်လို့
ထင်ရက်မှာလဲ။ ငါ့မှာအပြစ်ပြောစရာဆိုလို့
အရပ်ပုတာလေးပဲရှိတာ။
မဟုတ်လို့ကတော့ အခုလောက်ဆိုမိန်းမရပြီး
သားနဲ့သမီးနဲ့ ဖြစ်နေလောက်ပြီ။

ဒီနေ့ ငါဒီလိုဝတ်စားထားရတဲ့အကြောင်းအရင်းက
ငါတို့ရပ်ကွက်မှာ ဓမ္မာရုံလူကြီးရဲ့အလှူရှိလို့လေ။
ဒန်ပေါက်နဲ့ရေခဲမုန့်ကျွေးမှာတဲ့။
နေ့ဆွမ်းဆိုတော့ နေ့လည်စာလဲလွတ်တာပေါ့။

ဒီလိုနဲ့ငါလဲ​ပြင်ဆင်ပြီးတဲ့နောက်မှာ
အခန်းအပြင်ကိုပြန်ထွက်လာလိုက်ပြီး
ဘုရာစင်အောက်မှာ ရေနွေးကြမ်းထိုင်သောက်
နေတဲ့ အဖေ့ကိုပြောလိုက်တယ်။

"အဖေ အဆင်သင့်ဖြစ်ပြီမလား
သွားရအောင်လေ။"

"အေး အေး ။"

ငါ ထဖို့နည်းနည်းခက်နေတဲ့အဖေ့ကို
တွဲထူလိုက်ပြီးတော့ အနောက်မှာဟင်းချက်နေတဲ့
အမေ့ကိုလှမ်းအော်လိုက်ရတယ်။

"အမေသားတို့သွားပြီနော်။ "

"ဟဲ့...ကျော်ဇေယျာနိုင် နင်တို့သူများအလှူသွား
တာနော် သားအဖနှစ်ယောက်လုံး က္ကန္ဒြေရရ
စားကြသောက်ကြ ပါးဖြဲနားဖြဲသွပ်မလာကြနဲ့။"

အမေက ဟင်းချက်နေရင်းကနေ အသံကျယ်ကြီးနဲ့
အော်လာတာမို့ ငါတို့သားအဖလဲ
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး
ပြုံးမိလိုက်ကြတယ်။ ကျန်တဲ့နေရာမှာသာ
အမေ့ရဲ့စကားကို နားထောင်ကောင်း နားထောင်
လိမ့်မယ်။ ဒီလိုနေရာမျိုးကတော့ နိုးပါပဲ။

"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )Where stories live. Discover now