[ထမင်းလက်ဆုံစားကြခြင်း]

13.6K 1.2K 344
                                    

Unicode
~~~~~~~

"အုပ်ကြီးပဲစဥ်းစားကြည့်။  ညဘက်ဆိုလဲ လမ်းထဲကလူပျိုပေါက်တွေနဲ့ပေါင်းပြီးအိမ်ရှေ့မှာ ဂစ်တာတီးပရောပရည်လုပ်တာခဏခဏ။ ကျွန်မတူမနုနုထွတ်ထွတ်လေးကသူ့ကိုပြန်ကြိုက်မလား။
အဲ့တာကိုသူက သူ့အပေါင်းအသင်းတွေကို ပန်းအိကသူ့ဆီကပစ္စည်းတွေကျယူပြီး သူ့ကိုအဖြေပြန်မပေးတာတို့၊လှည့်စားတာတို့လုပ်ပြီး ဘုံဆိုင်မှာ
နာမည်လိုက်ဖျက်နေတာ။ကျွန်မကပြောတော့ ပြဿနာတွေတက်ရရော။ "

ဒေါ်ဘုမက သူ့ရဲ့ရှုပ်ပွနေတဲ့ဆံပင်တွေပြန်ထုံးရင်းနဲ့
ရှင်းပြလာတယ်။ ပြဿနာကတော့အဲ့တာပဲ ဂေါ်မစွံလူပျိုကြီးတွေရဲ့ချစ်ရေးချစ်ရာပြဿနာတွေပေါ့။ အစကတော့ဒီလိုမျိုးတစ်ယောက်တစ်ခွန်းစကားများကြတာပဲ။ တဖြည်းဖြည်းနဲ့စကားတွေလွန်လာတော့တုတ်ဆွဲ၊ဓားဆွဲ၊ပါးရိုက်၊နားကိုက်တွေဖြစ်ကုန်ရောလေ။

"ကျုပ်ပြောတာအမှန်တွေပဲလေ။
ပိုးကြေးပန်းကြေးတွေပေးတုန်းကတော့ အစ်ကိုကြီးဘာညာနဲ့ချိုသာပြပြီး၊ နောက်ကောင်နဲ့ကြိုက်သွားတော့ ကျုပ်ကိုပစ်ချသွားတာပဲလေ။ ကျုပ်ပြောတဲ့အထဲမှာဘာအပိုတစ်ခွန်းမှမပါဘူး။"

လူပျိုကြီးကိုမောင်နိုင်ကတော့ အညာသားပီပီတုတ်ထိုးအိုးပေါက်ပဲ။ ပါးမှာလဲဒေါ်ဘုမရဲ့လက်ဝါးရာကြီးကထင်းလို့။ အသည်းကွဲတဲ့ဒဏ်ရော၊အရှက်ကွဲတဲ့ဒဏ်ကိုပါသယ်ဆောင်ထားရတဲ့ သူ့ရဲ့မျက်လုံးတွေကတော့ဝမ်းနည်းတာကြောင့်လား၊ဒေါသကြောင့်လားမသိရဲရဲနီလို့နေတယ်။

"ဒီမယ်..ကလေးမုန့်ပေးကြိုက်ပြီးအခုမှအပိုတွေလာပြောမနေနဲ့။ဘယ်သူမဆိုအလကားရရင်ယူမှာပဲ။
ကိုယ့်အသက်အရွယ်ကြီးမှအားမနာ မလိုက်ခင်ကတည်းကကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ပါ့လား။
ဒီအဆင်ကြီးကိုဘယ်အပျိုလေးကပြန်ကြိုက်မှာတဲ့လဲ။"

"ဟာ..ဒီသောက်ကောင်မကြီးကတော့!။"

"အောင်မာ..ရှင်ကများ!။"

"ကဲ..ကဲ တော်ကြတော့!
ဒေါ်ဘုမ..ခင်ဗျားလဲထိုင်။"

တစ်ယောက်တစ်ပေါက်နဲ့ စကားနိုင်လုရာက
ပြဿနာဘက်ကိုပြန်ဦးတည်လာတာကြောင့် ငါလဲလေသံကျယ်ကျယ်နဲ့နှစ်ယောက်လုံးကိုဟန့်လိုက်ရတယ်။ ကိုယ့်ထက်အသက်ကြီးတဲ့လူတွေဆိုတော့လဲ
ပြောရဆိုရခက်သားလားနော်။

"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )Donde viven las historias. Descúbrelo ahora