ဂယောင်ဆူး နဲ့ ဂျုံအင် ဆိုးလ်ရထားဂိတ် ကိုရောက်နေတာဖြစ်သည် ။ ရထားဂိတ်မှာ မေမေကြီးပြောတဲ့လူ လာကြိုမယ်ပြောလို့ စောင့်နေကြသည် ။ ရထားဂိတ်မှာ ကလေးငိုသံတွေကျောင်းသားတွေ ရယ်ရယ်မောမောစကားပြောသံတွေနဲ ဆူညံနေသည် ။ ဂယောင်ဆူး နဲ့ ဂျုံအင် ကတော့ မမြင်ဖူးတာတွေကို လိုက်ကြည့်နေသည် ခနနေတော့ သူ့တို့ဘေးကို အသားဖြူဖြူရုပ်ချောချော လူတစ်ယောက်ရောက်လားသည်
"ကင်မ်ဂျုံအင် နဲ့ ဒိုဂယောင်ဆူး လားဒီက ကလေးနှစ်ယောက်က "
ဂယောင်ဆူး နဲ့ ဂျုံအင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး သူ့ရှေ့က လူကိုခေါင်းညိတ်ပြလိုက်သည်
"တွေ့ရတာဝမ်းသာပါတယ် အကိုက ကင်မ်ဆူဟိုပါ"
"ကျနော်တို့လဲ တွေ့ရတာဝမ်းသာပါတယ် အကိုဆူဟို"
ဆူဟို ကပြုံးလိုက်ပြီး....မင်းတို့လဲ ပင်ပန်းနေလောက်ပြီးပေါ့ အိမ်အရင်ပြန်ကြရအောင် ။ နောက်မှ အကိုလိုအပ်တာတွေလုပ်ပေးမယ်
"ဟုတ်"
ဂယောင်ဆူး ကော ဂျုံအင်ကော နားချင်နေပြီးဖြစ်သည် ။ ရထားအကြာကြီးစီးလာရတော့ ပင်ပန်းနေပြီး ။ အကို ဆူဟိုကားထားတဲ့ နေရာအထိလျှောက်နေတာတောင် ဂယောင်ဆူးမှာ မောနေပြီး ။ ကားထဲရောက်မှပဲ အေးအေးဆေးဆေးနားရတော့သည် ။ ဂယောင်ဆူးမှာ ပင်ပန်းလို့လို ကားပေါ်မှာဘဲ အိပ်ပျော်သွားသည် ။ သူ့ဘယ်လောက်တောင်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလဲမသိဘူး ။ ဂျုံအင် လာနိုးမှနိုးတော့သည်
ဂယောင်ဆူး ရောက်နေတဲ့နေရာကိုကြည့်လိုက်တော့ နှစ်ထပ်အိမ်လေး ကိုမှ ပန်ရောင်သုတ်ထားသည် ။ ခြံလေးကလည်း ကျယ်ကျယ်ဝန်းဝန်းရှိပြီး ညာဘက်ခြံမှာ ရေကူးကန်ရှိသည် ။ ဂယောင်ဆူးမှာ အကုန်လုံးကို အထူးအဆန်း လိုက်ကြည့်နေသည်
"ဝင်ခဲ့ကြလေး ကလေးတွေ"
အကိုဆူဟို ခေါ်တဲ့နောက်ကို ဂယောင်ဆူး နဲ့ ဂျုံအင်လိုက်သွားသည်
YOU ARE READING
တိမ်တိုက်
Actionချန်း မင်းကဘာနဲ့တူလဲဆိုရင် တိမ်တွေနဲ့တူတယ် ဖမ်းဆုပ်ဖို့ခက်ခဲတယ် #ChanSoo# #KaiBaek# #SeSu#