ဆယ်ဟွန်းကတော့ ချန်းယောလ်ကိုကြည့်ပြီး ခေါင်းခါလိုက်သည် ။ ခနနေတော့ ပါမောက္ခဝင်လာသည် ။ ဆယ်ဟွန်းအပျင်းကြောဆွဲလိုက်ပြီး ခုံပေါ်မှာမှောက်အိပ်နေလိုက်သည် ။ ဆယ်ဟွန်းနိုးလာတော့ အခန်းထဲမှာတစ်ယောက်မှမရှိတော့ဘူး ။ ဆယ်ဟွန်းလည်း ကန်တင်းဘက်ကိုထွက်လာခဲ့သည် ။ ဘတ်ခ်ဟွန်း နဲ့ ချန်းယောလ်ကိုရှာကြည့်လိုက်တော့ ကျောင်းသားအသစ်နှစ်ယောက်နဲ့အတူတူထိုင်နေကြသည် ။ ဆယ်ဟွန်းမျက်မှောင်ကြုတ်လိုက်ပြီး ချန်းယောလ်တို့ ထိုင်နေတဲ့နေရာကိုသွားလိုက်ပြီး သူ့တို့ထိုင်နေတဲ့ ဝိုင်းမှာ ဆယ်ဟွန်း ဝင်ထိုင်လိုက်သည် ။ ဆယ်ဟွန်း ဘတ်ခ်ဟွန်း အနားကိုတိုးလိုက်ပြီး...
"ဘတ်ခ်ဟွန်း မင်းပြောတော့သူ့တို့ကိုမသိဘူးဆို"
"ဟုတ်တယ်လေး သူ့တို့အကြောင်း သိမှမသိတာ ခင်ဘဲခင်တာကို"
"သြော် "
ဘတ်ခ်ဟွန်းစကားကြောင့် ဆယ်ဟွန်းမှာ သြော်တစ်လုံးပဲ ထွက်သည် ။ ဘတ်ခ်ဟွန်းက ခနနေတော့ သူ့နဲ့ကျောင်းသားအသစ်နှစ်ယောက်နဲ့ မိတ်ဆက်ပေးသည် ။
"ဂယောင်ဆူးနဲ့ဂျုံအင်ကို မိတ်ဆက်ပေးရအုန်းမယ် သူက အိုဆယ်ဟွန်းတဲ့ "
"ဆယ်ဟွန်း သူ့က ဂျုံအင် သူက ဂယောင်ဆူးတဲ့"
"တွေ့ရတာ ဝမ်းသာပါတယ် အိုဆယ်ဟွန်းရှီး"
ဆယ်ဟွန်းကတော့ ခေါင်းဘဲငြိမ့်ပြလိုက်သည် ။ ဘတ်ခ်ဟွန်းကတော့ အခုမှသိတဲ့ လူတွေကို သူအကြောင်းဖောက်သည်ချနေသည် ။
"ဂယောင်ဆူးနဲ့ဂျုံအင် ဆယ်ဟွန်းက အဲ့အတိုင်းဘဲ နောက်ပြီး ကျောင်းမှာသူက နာမည်ကြီးတယ်လေး အချေမင်းသားဆိုပြီး အဲ့တာမို့ ချေမိုးနေတာ ဂုဏ်ပုဒ်နဲ့အညီ..."
"ဘတ်ခ်ဟွန်း! "
ဂယောင်ဆူး နဲ့ ဂျုံအင်ခိုးရယ်လိုက်ကြသည် ။ ဘတ်ခ်ဟွန်းတို့ သုံးယောက်နဲ့အခုမှသိပေးမဲ့ ဘတ်ခ်ဟွန်းတို့က ခင်ဖို့ကောင်းကြသည် ။ ဘတ်ခ်ဟွန်းက ဖော်ရွေပြီး သဘောကောင်းသည် ။ အိုဆယ်ဟွန်းကျတော့ ကလေးဆန်တယ်လို့ထင်သည် ။
ချန်းယောလ်ကျပြန်တော့လည်း ....ဂယောင်ဆူး ချန်းယောလ်ကိုကြည့်လိုက်တော့ အကြည့်ချင်ဆုံသွားသည် ။ ဂယောင်ဆူးနဲ့ချန်းယောလ် တစ်ယောက်နဲ့တစ်ယောက်အကြည့်မလွှဲပဲ အကြည့်ချင်ဆုံနေတုန်း...

YOU ARE READING
တိမ်တိုက်
حركة (أكشن)ချန်း မင်းကဘာနဲ့တူလဲဆိုရင် တိမ်တွေနဲ့တူတယ် ဖမ်းဆုပ်ဖို့ခက်ခဲတယ် #ChanSoo# #KaiBaek# #SeSu#