ဂျုံအင်အတွေးပေါင်းစုံနဲ့စာသင်ခန်းထဲကိုဝင်လာခဲ့သည် ။ တကယ်လို့ hyungပြောသလို့အမှန်သာဆိုရင်ဘယ်လို့လုပ်ရမလဲ ။ ဂျုံအင် အခန်းပေါက်ဝကနေ ဂယောင်ဆူးကိုကြည့်လိုက်တော့ ဘတ်ခ်ဟွန်းတို့နဲ့စကားပြောနေကြသည် ။ ဂယောင်ဆူးက သူကိုတွေ့တော့ သူ့အနားပြေးလာသည် ။
"ဂျုံအင် မင်းကိုလာတွေ့တာဘယ်သူလဲ ဘာဖြစ်လို့လဲ ဘာကိစ္စရှိလို့လဲ တစ်ခုခုဖြစ်လို့လား"
"ဘာမှမဖြစ်ပါဘူး လူမှားတာ "
"လူမှားတာ "
"အွန်း"
ဂယောင်ဆူးက သူ့မျက်နှာကိုစိုက်ကြည့်နေတာကြောင့် ဂျုံအင်မျက်နှာလွဲလိုက်ပြီး သူ့ထိုင်ခုံမှာဝင်ထိုင်လိုက်သည် ။
ဂယောင်ဆူး ဂျုံအင်မျက်နှာမကောင်းမှန်သိသည် ဂယောင်ဆူး ဂျုံအင်မျက်နှာကိုစိုက်ကြည့်လိုက်တော့မျက်နှာလွဲသွားသည် ။ ဂယောင်ဆူး ဂျုံအင်ဘေးမှာဝင်ထိုင်လိုက်သည် ။
"ဂျုံအင် "
"ဟင်"
ဂယောင်ဆူးနဲ့ဂျုံအင် အကြည့်ချင်ဆုံသွားသည်
ဂျုံအင်မျက်လုံးတွေက ဝမ်းနည်းနေသယောင်..."အာ...ဘာမှမဟုတ်တော့ပါဘူး ဒီအတိုင်း.. "
ဂျုံအင် စာသင်နေတာတောင်စိတ်မဝင်စားအားဘူး...နားထဲမှာအဲ့စကားတွေပဲထပ်ကာထပ်ကာကြားနေရသည် ။ တကယ်ပဲ သူ့မိဘနဲ့ဂယောင်ဆူးမိဘတွေက အသတ်ခံရတာလား ။ ဂယောင်ဆူးသာ ဒီကိစ္စတွေကိုသိသွားခဲ့ရင်.. ဟင့်အင်း ဂယောင်ဆူးတစ်ခုခုဖြစ်မှာကိုသူမလိုလားဘူး..
ဂယောင်ဆူး ဂျုံအင်ကိုဘဲကြည့်နေမိသည် ။ ဂျုံအင်တစ်ခုခုဖြစ်လာမှန်လဲသူသိသည် ။ ဂျုံအင်က သူ့ကို တစ်ခုခုဖုံးကွယ်ထားသည် ။
"ဂျုံအင် "
"ဟမ်"

YOU ARE READING
တိမ်တိုက်
Actionချန်း မင်းကဘာနဲ့တူလဲဆိုရင် တိမ်တွေနဲ့တူတယ် ဖမ်းဆုပ်ဖို့ခက်ခဲတယ် #ChanSoo# #KaiBaek# #SeSu#