1

580 43 5
                                    

*SKY* မိဘမဲ့ဂေဟာ*

မိဘမဲ့ဂေဟာလေးမှာ ကလေးငိုသံတွေ ဆော့​မြူသံတွေနဲ့ ရန်ဖြစ်သံလေးတွေဟာ ဆူညံနေသည် ။ကလေးတွေကတော့ ဖြူစင်စွာ ဆော့မြူနေကြသည် ။ တစ်ချို့ကလေးတွေကတော့ သူ့တို့မိဘတွေကို စောင့်နေကြသည် ။ လာခေါ်မဲ့ အချိန်ကိုပေါ့ ။ သူ့တို့လေးတွေမသိတာက သူ့တို့မိဘတွေဟာ အပြီးပိုင်ထားခဲ့ပြီးဆိုတာကိုပေါ့ ။ အရွယ်ရောက်နေပြီးဖြစ်တဲ့ လူတွေကတော့ ဂေဟာကနေထွက်ပြီး အပြင်မှာအလုပ်လုပ်ကြသည် ။ အလုပ်ကရတဲ့ ပိုက်ဆံကိုစုပြီး ဂေဟာကိုပြန်ထောက်ပံ့​ကြပြန်သည် ။ အဲ့ကရတဲ့ပိုက်ဆံတွေကို စားစရိတ် နဲ့ ကလေးတွေကျောင်းအတွက်သုံးကြသည် ။ အထက်တန်းကျောင်းသားတွေကျတော့ အစိုးရကထောက်ပံ့ပေးသည်








"ဂ​ယောင်ဆူး"







"ဟင်"








"မေမေ​ကြီးခေါ်နေတယ်"







"အွန်း~~~~လာခဲ့မယ် ဂျုံအင် "







ဂ​ယောင်ဆူး ဂျုံအင်နဲ့အတူ မေမေကြီး အခန်းကိုဘက်ကိုလာခဲ့သည် ။ မေမေကြီးက ဂေဟာမှာအသက်ကြီးဆုံးဖြစ်ပြီး သူတို့အားလုံးရဲ့ကျေးဇူးရှင်ဖြစ်သည် ။  ဂေဟာက လူတွေအကုန်လုံးက မေမေကြီးကို ချစ်ကြောက်ရိုသေကြသည် ။ အဲ့ထဲမှာ ဂယောင်ဆူးနဲ့ဂျုံအင်လည်းပါသည် ။ ဂယောင်ဆူး နဲ့ဂျုံအင်က မိဘမဲ့ဂေဟာမှာအတူတူကြီးပြင်းလာကြသည် ။ ဂယောင်ဆူးကတော့ တစ်ချိို့လူတွေနဲ့မတူစွာ မွေးရာပါနှလုံးရောဂါရှိနေသည် ။ ငယ်ငယ်လေးထဲက ဂယောင်ဆူးက အမောမခံနိုင်ပါ ။ ဂယောင်ဆူး နေမကောင်းဖြစ်ပြီးဆိုရင် အနည်းဆုံးတပတ်လောက်ကြာသည် ။ သူအားငယ်လာဆိုရင် အားမငယ်ပါဘူး သူဘေးမှာ မေမေကြီးနဲ့ဂျုံအင်ရှိသည် ။ ဂယောင်ဆူးတွေးနေရင် မေမေကြီး အခန်းရှေ့ရောက်လာသည် ။ ဂျုံအင်ကဝင်ခွင်တောင်းလိုက်တော့ မေမေကြီးက ဝင်လာခဲ့လို့ပြောသည် ။ သူနဲ့ဂျုံအင်ဝင်လာတော့ မေမေကြီးကသူ့တို့နှစ်ယောက်ကို ပြုံးပြသည် ။ ဂယောင်ဆူး နဲ့ ဂျုံအင် မေမေကြီးအရှေ့မှာ ဝင်ထိုင်လိုက်သည်






"ရော့.....သားတို့နှစ်ယောက်အတွက်"





ဂယောင်ဆူး နဲ့ ဂျုံအင် မေမေကြီးပေးတဲ့စာရွက်ကိုယူကြည့်လိုက်သည်







တိမ်တိုက်Where stories live. Discover now