15

235 35 2
                                    

"အားး...ပျင်းလိုက်တာ "









ဂယောင်ဆူး ညည်းညူလိုက်ရင်...










"ဂိမ်းဆော့ကျမလား"










"မဆော့ချင်ပါဘူး"








ဂယောင်ဆူး ဂိမ်းဆော့ဖို့အဖော်ဆွယ်ပေးမဲ့ သူတို့လေးယောက်က ဂိမ်းဆော့ရမှာကိုပိုပျင်းနေကြသည် ။ ဂ​ယောင်ဆူးတို့ ငါးယောက်ကျောင်းအနောက်ဘက်သစ်ပင်ကြီးအောက်မှစုထိုင်နေကြတာဖြစ်သည် ။ အခုဆိုရင် နွေးရာသီကိုတောင်ရောက်လာပြီး...အချိန်​တွေကုန်တာ​မြန်လိုက်တာမေမေကြီးကိုလွမ်းသလို ကလေးတွေကိုလည်းလွမ်းသည် ။ အခုဆိုရင် ဘတ်ခ်ဟွန်းတို့သုံးယောက်နဲ့ဂယောင်ဆူးတို့ ငယ်ပေါင်းကြီးဖော်လို​တောင်း​ဖြစ်နေပြီး ...တစ်ခါတစ်လေကြရင် ဆယ်ဟွန်းက သူတို့နှစ်ယောက်က အကြောင်းပြပြီး အိမ်ကိုအမြဲတမ်းလာတက်သေးသည် ။ အကိုဆူဟို ဂျူတီမရှိတဲ့ရက်ကျရင် ဆယ်ဟွန်းတို့သူအိမ်တောင်မပြန်ဘဲ အိမ်မှာအိပ်တတ်သေးသည် ။  ဘတ်ခ်ဟွန်းကတော့ အကုန်လုံးပေါ်ဖော်ရွေးပြီး သဘောကောင်းသည် ။ ပျော်ပျော်လည်းနေတတ်သည် ။ လူတစ်ဖက်သားကိုလည်း ကူညီလိုစိတ်ရှိသည် ။ ချန်းယောလ်ကျပြန်တော့လည်း အမြဲတမ်းရုပ်တည်ကြီးနဲ့ရှိနေတက်သည် ။ ချန်းယောလ်ရဲ့စိတ်​နေသ​ဘောထားကိုမခန့်မှန်းတက်ဘူး...












"နောက်အပတ်ဆိုရင် ကျောင်းတောင်ပိတ်တော့မယ်နော် "











ဘတ်ခ်ဟွန်းက ကောင်းကင်ကြီးကိုမော့ကြည့်ပြီးပြောလိုက်သည် ။ ကျန်တဲ့လေးယောက်ကလည်း အလိုလိုနေရင် ကောင်းကင်ကိုမော့ကြည့်မိလိုက်သည် ။ ဒီနေ့ကြမှ ကောင်းကင်ကြီးကပိုလှနေသလိုပဲ...












"ကျောင်းပိတ်ရက်ကြရင် မင်းတို့ဘာလုပ်ကြမှာလည်း ငါတို့ခရီးအတူတူစုသွားကြရအောင်"











"ငါတို့က ရွာကိုပြန်မလို့ မေမေကြီးနဲ့ကလေးတွေကိုသတိရလို့ အကိုဆူဟိုက အရင်ခေါက်တွေထဲကလိုက်ပို့ဖို့လုပ်ပေးမဲ့ မသွားဖြစ်ခဲ့ဘူး...ဒီတစ်ခါတော့ ပြန်ဖြစ်မယ်ထင်တယ် "










တိမ်တိုက်Where stories live. Discover now