"ဂျုံအင် ဘယ်လို့လုပ်မလဲ ထိုင်ခုံတွေမှာ လူပြည့်နေပြီး"
ဂျုံအင် ကန်တင်းက ထိုင်ခုံတွေကိုကြည့်လိုက်တော့ ဂယောင်ဆူး ပြောသလို့ဘဲ လူပြည့်နေသည်ဂျုံအင် ထိုင်ခုံအလွတ်များရှိမလာဆိုပြီး ရှာကြည့်တော့ လူနှစ်ယောက်ဘဲ ထိုင်နေတဲ့ ခုံကလွတ်နေသည်
"ဂယောင်ဆူး ဟို ခုံမှာတော့လွတ်နေတယ် "
ဂျုံအင် ပြတဲ့နေရာကို ဂယောင်ဆူး ကြည့်လိုက်တော့ လူနှစ်ယောက်ဘဲ ရှိသည် ။ သူ့တို့ ဘေးမှာတော့ ခုံတွေကလွတ်နေသည် ။ ကန်တင်း မှာလည်း သူ့တို့ခုံကလွဲပြီး အကုန်ပြည့်နေပြီး
"ဂျုံအင် အဲ့မှာဘဲ သွားထိုင်ကြရအောင် ငါလည်း ဗိုက်ဆာနေပြီး "
"အွန်း"
ဂယောင်ဆူး နဲ့ ဂျုံအင် အဲ့ထိုင်ခုံနားကို သွားလိုက်ကြသည် ။ ဂျုံအင် ကဘဲ အရင်ထိုင်ဖို့ ခွင့်တောင်း လိုက်သည်
"ကျနော်တို့ ဒီမှာ ထိုင်လို့ရမလား"
"ရတယ်"
"ဟင်"
"ဟိုလူ"
ဂျုံအင်က အရှေ့က အသားဖြူဖြူ ခန္ဓာကိုယ်ပိန်ပိန်သေးသေးလေး နဲ့ တစ်ယောက်ကို ခွင့်တောင်းနေတုန်း အသံသြော်သြော်ကြားလိုက်ရတာကြောင့် ဂယောင်ဆူး ကြည့်လိုက်တော့ ဟိုလူဖြစ်နေသည် ။ အဲ့လူက နောက်ကျောပေးပြီး ထိုင်နေတာကြောင့် အဲ့လူမှန် သူမသိလိုက်တာဖြစ်သည် ။ အဲ့လူမှန် သိရင် အစထဲက ဒီကို မလာပါဘူး
"ဂယောင်ဆူး ထိုင်လေး "
ဂျုံအင် က ဟိုကောင်လေးဘေးမှာ ဝင်ထိုင်လိုက်တာကြောင့် သူက ဟိုလူကြီး ဘေးမှာ ထိုင်လိုက်ရသည် ။ ဂယောင်ဆူးလည်း ဗိုက်ဆာနေတာကြောင့် အစားကိုဘဲအားရုံစိုက်ပြီး ထိုင်စားနေလိုက်သည်
"အဟွတ်... အဟွတ် "
"ဂယောင်ဆူး အဆင်ပြေရဲ့လား ရော့.ရေသောက်လိုက်အုန်း "
ဂယောင်ဆူး ချောင်းဆိုးလိုက်တာကြောင့် ဂျုံအင်က စိုးရိမ်တကြီး ရေထည့်ပေးသည် ။ ဂယောင်ဆူးလည်း ဂျုံအင် ပေးတဲ့ရေခွက်ကို မြန်မြန်မော့သောက်လိုက်သည်

YOU ARE READING
တိမ်တိုက်
Acciónချန်း မင်းကဘာနဲ့တူလဲဆိုရင် တိမ်တွေနဲ့တူတယ် ဖမ်းဆုပ်ဖို့ခက်ခဲတယ် #ChanSoo# #KaiBaek# #SeSu#