17

146 29 4
                                    

"ချန်း မင်းသောက်နေတာအရမ်းများနေပြီ တော်လောက်ပြီးကွာ"








ချန်းယောလ်နဲ့ဆယ်ဟွန်း ကလပ်ရောက်နေကြတာဖြစ်သည်။ချန်း​ယောလ်ကတော့ ရောက်ထဲကအရက်ကိုသောက်နေတာ ခုနှစ်ပုလင်းရှစ်ပုလင်းလောက်ရှိနေပြီ။ချန်းယောလ်က တစ်ခါမှအဲ့လောက်ထိမသောက်ဖူးတာကြောင့် ဆယ်ဟွန်းစိတ်ပူသွားသည်။








"ဆယ်ဟွန်း ငါ..ငါရင်ဘတ်ကြီးတစ်ခုလုံးနာကျင်လိုက်တာ။သူတို့နှစ်ယောက်ကို တွဲမြင်လိုက်တိုင်းရင်ဘတ်တစ်ခုလုံးရစရာမရှိအောင် နာကျင်တယ်သေလောက်အောင်နာကျင်တယ်"







"ချန်း မင်းဂယောင်ဆူးကို သဘောကျနေတာလား"








"အွန်း ။ ငါဂယောင်ဆူးကိုသဘောကျတယ်။မဟုတ်ဘူး ဂယောင်ဆူးကို ချစ်​နေတာ"









ဆယ်ဟွန်း သက်ပြင်းဖွဖွလေးချလိုက်မိသည်။သူ့အကဲခတ်ရသလောက်ကတော့ ချန်းယောလ်နဲ့ဘတ်ခ်ဟွန်းက ဂျုံအင်နဲ့ဂယောင်ဆူးကိုသဘောကျနေတာဖြစ်သည်။သူ့ သူငယ်ချင်းနှစ်ယောက်လုံးအတွက်စိတ်မကောင်းဖြစ်မိသည်။








"ချန်း မင်းဂယောင်ဆူးကိုသဘောကျတယ်ဆိုရင်လည်းဖွင့်ပြောလိုက်ပေါ့ကွာ။အနည်းဆုံးတော့ ဂယောင်ဆူးရဲ့သဘောထားကိုသိရတာပေါ့"









"ဟက်...ဆယ်ဟွန်း မင်းငါအကြောင်းသိပါတယ်။ငါလိုချင်ပြီဆိုရင် ဘယ်အရာမဆိုငါအရယူတတ်တယ်ဆိုတာ မင်းမေ့နေတာလား။ဂယောင်ဆူးက ငါကို သဘောကျသည်ဖြစ်စေ သဘောမကျသည်ဖြစ်စေ ဂယောင်ဆူးက ငါအပိုင်ပဲဖြစ်စေရမယ်...ဟားဟား "








"ချန်း အချစ်ဆိုတဲ့အရာက ရယူခြင်းမဟုတ်သလို့ ငွေကြေးနဲ့လည်းဝယ်ယူလို့မရဘူး။တစ်ဦးနဲ့တစ်ဦး မေတ္တာမျှ​ပြီးချစ်နေမှ အရာအားလုံးကလှပနေမှာ"







"ငါအဲ့တာတွေနားမလည်းဘူး ဆယ်ဟွန်း။ ငါလိုချင်တဲ့အရာကိုမရရအောင်ယူမှာ သက်ရှိပဲဖြစ်ဖြစ် သက်မဲ့ပဲဖြစ်ဖြစ် ။ အေး ငါပိုင်တဲ့အရာကိုလည်း လာမထိနဲ့ ငါသေမှရမယ်"








"ချန်းယောလ် မင်းအဲ့လို့လုပ်တော့ကော မင်းပျော်ရွှင်ရမယ်လို့ထင်နေတာလား။မင်း သက်တလုံးပျော်ရွှင်ရမယ်လို့ ထင်နေတာလား..ဟမ်"









"ဆယ်ဟွန်း မင်းပြန်လိုက်တော့။မင်းဟောနေတဲ့ တရားကိုနားထောင်းဖို့ထိ ငါမအားသေးဘူး"









ဆယ်ဟွန်း ချန်းယောလ်ကိုကြည့်ပြီးခေါင်းခါလိုက်မိသည်။ချန်းယောလ်ကို အချစ်ကြောင့်နဲ့လမ်းမှားမရောက်စေချင်ဘူး။ချန်းယောလ်က အတ္တကြီးသည်။ငယ်ငယ်လေးထဲက လိုချင်တာကိုလည်းမရရအောင်ယူတတ်တဲ့အကျင့်ရှိသည်။









"ငါပြန်တော့မယ် ချန်း​ယောလ် မင်းတစ်ယောက်ထဲ အဆင်ပြေရဲ့လား"







"Okတယ်"






ဆယ်ဟွန်းထွက်သွားတဲ့အထိ ချန်းယောလ်ကတော့ တစ်ယောက်ထဲထိုင်သောက်နေဆဲဖြစ်သည်။







~~~~~~~~

ဂျုံအင် လက်ထဲကဖုန်းနံပါတ်ကို ဆက်ရနိုနိုမဆက်ရနိုနိုဖြစ်နေသည်။ဂျုံအင်စိတ်ပိုင်းတစ်ခုဖြတ်လိုက်ပြီ ခုံပေါ်မှတင်ထားတဲ့ ဖုန်းကိုယူလိုက်ပြီး လက်ထဲကဖုန်းနံပါတ်ကိုရိုက်ထည့်လိုက်​ပြီ​ ခေါ်ဆိုလိုက်သည်။ခနအကြာ...








"ဟဲလို"







"ကျွန်တော် ကင်မ်ဂျုံအင်ပါ။ကျွန်တော်တို့ တွေ့လို့ရမလား"








"ကောင်းပြီးလေ အကိုမနက်ဖြန်ဘယ်ကိုလာရမလဲ"









"ကျွန်တော် Messagesပို့လိုက်ပါမယ်"








သူ့မိဘတွေ့နဲ့ပတ်သတ်ပြီ သူသိရမှဖြစ်မည်။ဘာကြောင့် သူ့မိသားစုနဲ့ဂယောင်ဆူးမိဘတွေကိုလုပ်ကြံတာလည်းဆိုတာ။သူတို့က ဘယ်သူပဲဖြစ်ဖြစ် သူခွင့်လွှတ်မှာမဟုတ်ဘူး။သူခံစားရသလို သူတို့ကိုလည်းပြန်ခံစားစေရမယ်။





တကယ်လို့ ချန်းယောလ်တို့ မိဘတွေဖြစ်ရင်တောင် သူခွင့်လွှတ်မှာမဟုတ်ဘူး။











********************************

17.9.22

















တိမ်တိုက်Where stories live. Discover now