"ဒေါက်တာကင်မ်"
ဆူဟို လူနာကြည့်ပြီး ခနနားနေတုန်း နပ်စ်မလေးတစ်ယောက် ဝင်လာသည်
"ဆရာမလေး ဘာဖြစ်လို့လဲ "
"ဒေါက်တာ လူနာတစ်ယောက် ဆေးမထိုးချင်လို့ဆိုပြီးသောင်းကျန်းနေလို့ပါ အဲ့တာ ဆေးရုံအုပ်ကြီးက ဒေါက်တာကို ခေါ်ခိုင်းလိုက်လို့ "
ဆေးရုံအုပ်ကြီးပါရောက်နေတယ်ဆိုတော့ အဲ့လူနာက ရိုးရိုးလူနာမဟုတ်မှန် ပိုက်ဆံရှိအတိုင်းအဝိုင်းကဖြစ်လေ့မယ် ။ ဆူဟို သက်ပြင်းချလိုက်ပြီး.....
"ဆရာမ အခန်းနံပါတ်က"
"အခန်း(5)ပါ ဒေါက်တာ "
"ဆေးမထိုးဘူးနော် အကုန်လုံးသေချင်လို့လား သတ္တိရှိရင်လာခဲ့လေး "
"သားရယ် ထိုးလိုက်ပါနော်"
"ဒေါက်တာတို့ကို အားနာစရာကြီးကွယ်"
"မထိုးဘူးနော် မထိုးဘူး"
ဆူဟိုအခန်းရှေ့ရောက်တော့ အထဲကအသံတွေကိုကြားနေရသည် ။ ဆူဟိုလည်း အခန်းထဲကိုဝင်သွားလိုက်သည်
"ဆေးရုံအုပ်ကြီး ကျနော်ရောက်ပါပြီး"
ဆူဟို ဆေးရုံအုပ်ကြီးကိုနှုတ်ဆက်လိုက်တော့ ဆေးရုံအုပ်ကြီးက လှည့်ကြည့်လာသည်
"ဒေါက်တာကင်မ် ရောက်ပြီးလား ခေါ်လိုက်ရလို့အားနာလိုက်တာ ကောင်လေးက ဆေးမထိုးဘူးလုပ်နေလို့ အဲ့တာ ဒေါက်တာကင်မ် ကူညီပါအုန်း"
"ဟုတ်ကဲ့ ကျနော်ကြည့်လုပ်လိုက်ပါ့မယ်"
ဆူဟို ကုတင်ပေါ်မှာ ထိုင်ရုန်းနေတဲ့ကောင်လေးနားတိုးသွားလိုက်ပြီး
"လူနာရှင် မင်းဆေးမထိုးရင် ဒဏ်ရာတွေက ပိုနာလာလေ့မယ် ။ ညကြရင်လည်း ဒဏ်ရာတွေကိုက်လာပြီး ဖျားလေ့မယ် ။ ဒီမှာရှိတဲ့ ဆရာဝန်တွေအားလုံကို မင်းကြောင့်အချိန်မပုပ်စေနဲ့ သူတို့အားလုံးမှာ အလုပ်တွေရှိသေးတယ် ။ အဲ့တာကြောင့် မင်းဆေးထိုးလိုက်ပါ အကုန်လုံးကို မင်းကြောင့်အလုပ်မရှုပ်စေနဲ့ ။ မင်းရဲ့အမေကလည်း မင်းအခုပုံစံကိုကြည့်ပြီး စိတ်မကောင်းမှာမဟုတ်ဘူး"
![](https://img.wattpad.com/cover/311117929-288-k256681.jpg)
YOU ARE READING
တိမ်တိုက်
Actionချန်း မင်းကဘာနဲ့တူလဲဆိုရင် တိမ်တွေနဲ့တူတယ် ဖမ်းဆုပ်ဖို့ခက်ခဲတယ် #ChanSoo# #KaiBaek# #SeSu#