"ဒိုဂယောင်ဆူး"
"ဟင်...ချန်းယောလ်"
ဂယောင်ဆူး အသံကြောင့် ဂျုံအင် ဖက်ထားရာကနေခွာလိုက်ပြီ အနောက်လှည့်ကြည့်လိုက်တော့ ချန်းယောလ်တို့သုံးယောက်ဖြစ်နေသည် ။ ချန်းယောလ်ကတော့ သူ့နဲ့ဂယောင်ဆူးကို မျက်မှောင်ကြိုတ်ပြီးကြည့်နေသည် ။ ဘတ်ခ်ဟွန်း နဲ့ ဆယ်ဟွန်းကတော့ ဒီအတိုင်းရပ်ကြည့်နေကြသည်။
"အဲ့တာ ဘာလုပ်နေကြတာလဲ"
"ဘာကိုလည်း ချန်းယောလ် ။အာ...ငါနဲ့ဂယောင်ဆူးက ငယ်ငယ်လေးထဲကနေ အတူတူကြီးပြင်းလာခဲ့ကြတယ်ဆိုတာမင်းတို့သိနေတာပဲ ။ ဒါမျိုးက မင်းတို့အမြင်မှာတစ်မျိုးဖြစ်ချင်ဖြစ်နေပေးမဲ့ ငါ့နဲ့ဂယောင်ဆူးကြားမှာတော့ရိုးနေပြီ။ ငါက ငယ်ငယ်လေးထဲက အကျင့်ရှိတယ် ။ ငါ ချစ် တဲ့ လူအပေါ်ချွဲနွဲ့တတ်တဲ့အကျင့်ရှိတယ်လေး ချန်းယောလ်..."
ချန်းယောလ် သူကိုတမင်တကာပြောနေတဲ့ ဂျုံအင်ကိုကြည့်ပြီး ဒေါသထွက်လာသည် ။ သူ ချစ်တဲ့ လူအပေါ်ကိုဆိုတဲ့စကားကို တစ်လုံးချင်းစီသူကိုတမင်တကာပြောနေတာဖြစ်သည် ။ သူ့ဂယောင်ဆူးအပေါ် စိတ်ဝင်စားနေတာကို ဂျုံအင်သိနေလို့ဖြစ်မည် ။ ကင်မ်ဂျုံအင်ကကော ဂယောင်ဆူးကိုစိတ်ဝင်စားနေတာလား အနည်းဆုံးတော့ သူပြိုင်ဘက်ကိုသူသိလိုက်ရသည် ။ ငါဆိုတဲ့ ပတ်ခ်ချန်းယောလ်ကလည်း လိုချင်တာကိုမရရအောင်ယူတတ်သည် ။
"ကင်မ်ဂျုံအင် မင်း..."
"ချန်းယောလ်တို့ပါရောက်နေတာလား။အကိုအသံကြားလို့ထွက်လာတာ။ဒီနေ့အကို ဂျူတီမရှိတာကြောင့် အိမ်မှာမုန့်လုပ်စားနေတာနဲ့မင်းတို့ရောက်လာတာနဲ့အတော်ပဲ"
ချန်းယောလ်ဆက်ပြောမလို့ လုပ်ပေးမဲ့ အကိုဆူဟိုကြောင့် စကားပျက်သွားရသည်။
အနောက်မီးဖိုးချောင်းကနေထွက်လာတဲ့ ဆူဟိုကချန်းယောလ်နဲ့ဂျုံအင်ရဲ့ မတင်မချေကိုမသိဘဲ သူပြောချင်ရာကိုပြောနေသည် ။
"hyuneကျွန်တော်နဲ့အတူ မီးဖိုချောင်ကိုသွားရအောင်ကျွန်တော် ဗိုက်ဆာနေပြီ။အိမ်မှာထမင်းမစားခဲ့လို့ "

YOU ARE READING
တိမ်တိုက်
Actionချန်း မင်းကဘာနဲ့တူလဲဆိုရင် တိမ်တွေနဲ့တူတယ် ဖမ်းဆုပ်ဖို့ခက်ခဲတယ် #ChanSoo# #KaiBaek# #SeSu#