ဂျုံအင် ကော်ဖီဆိုင်မှာ သူချိန်းထားတဲ့ လူကို လာစောင့်နေတာဖြစ်သည်။ဒီနေ့က ကံကောင်းချင်တော့ အကိုဆူဟို နားရက်ဖြစ်တာကြောင့် ဂယောင်ဆူးနဲ့အတူစျေးဝယ်ထွက်သွားလို့တော်သေးသည်။မဟုတ်ရင် သူထွက်ဖို့လွယ်မှာမဟုတ်ဘူး။သူ့ကိုလိုက်ဖို့ခေါ်နေတာတောင်မပြီသေးတဲ့စာတွေလုပ်ဖို့ရှိသေးတယ်ဆိုပြီနေခဲ့တာဖြစ်သည်။ အခုတစ်လော ဂယောင်ဆူးက သူ့ကို အရိပ်တကြည့်ကြည့် ကြည့်နေတာကြောင့်လည်းပါသည်။ခနအကြာ ကျောင်းမှာလာတွေ့တဲ့လူနှစ်ယောက် သူ့ထိုင်တဲ့နားရောက်လာသည်။
"စောင့်ရတာကြာသွားလား ဂျုံအင်။လမ်းမှာ ကားပိတ်နေတာနဲ့ အကိုနည်းနည်းကြာသွားတယ်"
"ကျွန်တော်လည်း ရောက်နေတာမကြာသေးပါဘူး"
"ဟန်နီ ဘာစားမလဲ"
"ဒါလင် အဆင်ပြေတာပဲမှာလိုက်ပါ"
အရှေ့က နှစ်ယောက်က သူထင်သလိုရည်းစားတွေဖြစ်ဖို့များသည်။သူတို့စားချင်တာတွေမှာပြီမှ သူ့ဘက်ကိုလှည့်လာကြသည်။
"ဟိုနေ့က ဂျုံအင်နဲ့ခနပဲတွေ့လိုက်ရတော့ ကိုယ့်ကိုကိုသေချာ မိတ်မဆက်လိုက်ရဘူး။အကိုက
ကင်မ်ဂျုံဒယ်ပါ။ဒါက အကိုယ့်အမျိုးသား ကင်မ်မင်ဆော့ အကိုတို့က ဆွစ်ဇာလန်နိုင်ငံမှာ လက်ထပ်ထားကြတာလေး""ဟုတ်..ကျွန်တော်ကိုယ် ကျွန်တော်မိတ်မဆက်တော့ပါဘူး။အကိုတို့ကသိနေပြီဆိုတော့"
"ကျွန်တော်ကို ကျောင်းမှာပြောခဲ့တဲ့ စကားတွေက အမှန်လား အမှားလာဆိုတာ ကျွန်တော်မသိတာကြောင့် အကိုယ့်ကို ယုံကြည့်ဖို့ခက်တယ်"
"အကိုလည်း ဒီအကြောင်းတွေကိုမကြာသေးခင်မှသိထားတာပါ။အကိုအဖေမဆုံးခင် သူ့ညီရဲ့မတရားအသတ်ခံရတာနဲ့သူ့ရဲ့တစ်ဦးတည်တော်ဆွေမျိုးဖြစ်တဲ့ မင်းကိုရှာထားခိုင်းခဲ့တာ။အကိုလည်းအဲ့ကြမှ အကြောင်းဆုံသိခဲ့ရတာ"
"ဒါဆို ကျွန်တော်မိဘတွေ ဘာကြောင့်အသတ်ခံရတာလည်းဆိုတာ အကိုသိနေတာလား"
YOU ARE READING
တိမ်တိုက်
Actionချန်း မင်းကဘာနဲ့တူလဲဆိုရင် တိမ်တွေနဲ့တူတယ် ဖမ်းဆုပ်ဖို့ခက်ခဲတယ် #ChanSoo# #KaiBaek# #SeSu#