Unicode
ရိပေါ် ဆေးရုံရှေ့ရောက်တာနဲ့ဆိုင်ကယ်ကိုရပ်လိုက်ပြီးသူ့ရဲ့ဆရာဝန်လေးရှိရာကိုတက်ကြွတဲ့ခြေလှမ်းတွေနဲ့လာခဲ့တော့သည်။
သူ့ရဲ့omegaလေးကိုသူအရမ်းလွမ်းနေပြီလေ။ရိပေါ် သူ့ရဲ့ဆရာဝန်လေးရှိရာကိုရောက်တော့မိန်းကလေးတစ်ယောက်နဲ့ပြုံးရွှင်စွာစကားပြောနေတာကိုတွေ့လိုက်ရတယ်။သူ့ရဲ့omegaလေးကလေတစ်လောကလုံးကိုမေတ္တာထားပြီးအပြုံးလေးနဲ့ဆက်ဆံပေမဲ့သူ့ကိုဆိုရင်တော့ရန်သူလိုဘဲဆက်ဆံတယ်။အပြုံးလေးတစ်ချက်တောင်စွန့်ကြဲခြင်းမရှိဘူး။
ဒါပေမဲ့သူကလည်းအဲ့တာတွေကိုဂရုမစိုက်ပါဘူး။အခုလောလောဆယ်သူ့ကိုပြန်မကြိုက်သေးပေမဲ့နောက်ဆိုသူမှသူဖြစ်သွားစေရမယ်။အဲ့လိုဖြစ်အောင်လည်းသူကလုပ်မှာ။သူလည်းပြုံးရွှင်စွာစကားပြောနေတဲ့သူအနားကိုသွားလိုက်ပြီးစကားပြောနေတဲ့ရှောင်းရဲ့ခါးကိုသူ့လက်နဲ့သိုင်းဖက်လိုက်တယ်။တကယ်ကိုရှောင်းရဲ့ခါးကသေးသေးလေးသူ့လက်တစ်ပွေ့စာဘဲရှိသည်။
သူရှောင်းရဲ့ခါးကိုဖက်လိုက်ပြီးရှေ့မှာရှိနေတဲ့nurseကိုသူ့ရဲ့Alpha pheromoneတွေကိုထုတ်ပြလိုက်တယ်။သူ့အပိုင်ကိုမထိနဲ့ဆိုတဲ့အကြည့်စူးစူးတွေနဲ့ကြည့်ပေးလိုက်တယ်။
အဲ့တော့မှရှေ့ရှိnurseကသူ့ရဲ့Omegaလေးကိုနှုတ်ဆက်ပြီးထွက်သွားတော့သည်။...........
ရှောင်းကျန့် ဒီနေ့တော့သူ့ကိုနှောင့်ယှက်တဲ့လူအခုထိရောက်မလာသေးရွေ့သူ့ကိုလက်လျော့လိုက်ပြီလို့ထင်လိုက်တယ်။ထင်ပါတယ်သူတို့လိုသူဌေးသားတွေက
ရှောင်းကျန့်တို့လိုဆင်းရဲသားomegaတွေကိုဘယ်လိုလို့အတည်သဘောကျနိုင်ပါ့မလဲ။ခဏတာစိတ်ကစားချင်ယုံပါ။အခုလိုသူ့ဘက်ကလက်လျော့လိုက်တော့လည်းသူ့ဘက်ကတကူးတကငြင်းစရာမလိုတော့ဘူးပေါ့။ဘာဘဲဖြစ်ဖြစ်အခုတော့သူ့ဘဝလေးအရင်လိုအေးအေးချမ်းချမ်းပြန်ဖြစ်တော့မယ်။သူတွေးနေရင်းသူ့ရဲ့လူနာအကြောင်းကိုလာပြောပြတဲ့nurseကြောင့်နားထောင်မိတယ်။
လူနာကအဆင်ပြေတယ်ကြားရတော့သူတကယ်ဝမ်းသာမိတယ်။သူကုပေးလိုက်လို့လူနာကရောဂါသက်သာသွားတယ်ဆိုရင်သူတကယ်စိတ်ချမ်းသာရတယ်။
YOU ARE READING
Other Side Of Love (Complete)
Fanfictionအရာရာမှာတဇွတ်ထိုးလုပ်တတ်ပြီးမိဘအရှိန်အဝါနဲ့လိုချင်တာကိုမရရအောင်ယူတတ်တဲ့ဝမ်အိမ်တော်ရဲ့သားအငယ်ဆုံး Dominant Alpha ဝမ်ရိပေါ် မိဘမဲ့တစ်ယောက်ဖြစ်ပေမယ့်မာနကြီးကာစိတ်ထားကောင်းတဲ့ Omega ဆရာဝန်လေးရှောင်းကျန့် နှစ်ယောက်ကြားကဖြစ်ပေါ်လာမယ့်ကြည်နူးဖွယ်အချစ်ဇာတ်...