Unicode
နံနက်ခင်းနေရောင်ခြည်ကအခန်းထဲကိုတိုးဝင်လာပြီးကုတင်ပေါ်မှာပူးကပ်လို့အိပ်ပျော်နေကြတဲ့လူသားနှစ်ယောက်ပေါ်ကိုဖြာကျလာသည်။ပြတင်းပေါက်
တွေဖွင့်ထားတာကြောင့်ခန်းဆီးလိုက်ကာတွေကလည်းလေတိုးမှုကြောင့်တလွင့်လွင့်။နေရောင်ခြည်မျက်နှာပေါ်ကိုရောက်လာတာကြောင့်ပထမဆုံးနိုးလာသူကတော့ရိပေါ်။ရိပေါ်နိုးလာတော့ရှောင်းကသူ့ရင်ထဲမှာအိပ်ပျော်နေတုန်းပင်။သူညကရှောင်းကိုတစ်ညလုံးယူမိထားတယ်။ရှောင်းတော်တော်ပင်ပန်းသွားတာပင်။သူလည်းညကရှောင်းကိုအဆုံးရှုံးမခံနိုင်လို့သာဒီလိုလုပ်လိုက်ရတယ်။
ရှောင်းကတော့သူ့ကိုပိုမုန်းလာတော့မှာဘဲ။ဒါပေမဲ့လည်းဒီကိစ္စကိုသူနောင်တမရပေ။ရှောင်းကိုမဆုံးရှုံးစေဖို့သူဘာလုပ်ရလုပ်ရအကုန်လုပ်မှာ။ရှောင်းသူ့ကိုမုန်းနေရင်တောင်သူရှောင်းကိုချစ်တယ်။ရှောင်းသူ့အနားကနေထွက်မသွားဖို့ကသာအရေးကြီးသည်ပင်။
ညကသူလည်းအရမ်းပင်ပန်းသွားတာကြောင့်သန့်ရှင်းရေးတောင်မလုပ်နိုင်ဘဲအိပ်ပျော်သွားရတာပင်။ဒါကြောင့်သူအိပ်ယာကထလိုက်ပြီးရေချိုးလိုက်သည်။ပြီးတာနဲ့ရှောင်းရဲ့ကိုယ်ကိုသန့်ရှင်းရေးလုပ်ပေးနေလိုက်တယ်။ရှောင်းရဲ့ကိုယ်ပေါ်ကအမှတ်အသားတွေကရှောင်းကသူ့ရဲ့အပိုင်ဆိုတာပိုသေချာသွားစေတယ်။
ရှောင်းကိုသန့်ရှင်းပေးနေရင်းအောက်ပိုင်းကိုရောက်လာတော့အခုထိသွေးတွေထွက်နေတဲ့ရှောင်းရဲ့အဝလေးကြောင့်သူလန့်သွားမိတယ်။ပထမတစ်ခါအတူတူနေမိတုန်းကတောင်ဒီလောက်မဆိုးပေ။အခုကသွေးတွေကညထဲကမတိတ်ပုံပေ။အိပ်ယာခင်းကအနီရောင်မို့မသိသာခဲ့တာပင်။အခုသေချာကြည့်တော့မှသွေးကအဆတ်မပြတ်ထွက်နေတာပင်။
သူရှောင်းရဲ့မျက်နှာကိုကြည့်လိုက်တော့လည်းရှောင်းကဖြူဖျော့နေသည်ပင်။သူချက်ချင်းဘဲစိတ်ပူသွားပြီးရှောင်းကိုနိုးမိသည်။ဒါပေမဲ့နိုးမလာတဲ့ရှောင်းကြောင့်သူ့ရဲ့စိုးရိမ်စိတ်တွေကငယ်ထိပ်ရောက်နေပြီပင်။
”ရှောင်း ရှောင်းထပါဦးကွာ။ရှောင်း
ငါဘာလုပ်ရမလဲ။ဘာလုပ်ရမလဲ။အားးးးးအရေးထဲဆိုဒီဦးနှောက်ကသုံးစားမရဘူးလားးး။ဟုတ်..ဟုတ်တယ်ရှောင်းကိုဆေးရုံပို့ရမယ်။ရှောင်းကိုဆေးရုံပို့ရမယ်”

YOU ARE READING
Other Side Of Love (Complete)
Fanfictionအရာရာမှာတဇွတ်ထိုးလုပ်တတ်ပြီးမိဘအရှိန်အဝါနဲ့လိုချင်တာကိုမရရအောင်ယူတတ်တဲ့ဝမ်အိမ်တော်ရဲ့သားအငယ်ဆုံး Dominant Alpha ဝမ်ရိပေါ် မိဘမဲ့တစ်ယောက်ဖြစ်ပေမယ့်မာနကြီးကာစိတ်ထားကောင်းတဲ့ Omega ဆရာဝန်လေးရှောင်းကျန့် နှစ်ယောက်ကြားကဖြစ်ပေါ်လာမယ့်ကြည်နူးဖွယ်အချစ်ဇာတ်...