OSOL 3 {U+Z}

6.2K 417 10
                                    

Unicode

ရိပေါ် အိမ်ပြန်ရောက်တာနဲ့ခဏနားပြီးရေချိုးလိုက်သည်။
ပြီးတာနဲ့‌ဟောက်ရွှမ်းတို့နဲ့ချိန်းထားတဲ့ဆိုင်ကို ဆိုက်ကယ်နဲ့ထွက်လာလိုက်တော့သည်။

ရိပေါ်ချိန်းထားတဲ့နေရာကိုရောက်တော့ဟောက်ရွှမ်းတို့ကရောက်နေပြီ။

"ဟေး ရိပေါ် ဒီမှာ"

ရိပေါ် သူ့ကိုလှမ်းခေါ်တဲ့‌ဟောက်ရွှမ်းအသံကြောင့်သူလည်းအဲ့ဒီ့နေရာကိုသွားလိုက်တော့သည်။

"ဟေ့ကောင် ရိပေါ် မင်းကလည်းကွာတစ်ခါပေါ်လာဖို့ကိုခေါ်လိုက်ရတာမနက်ကဘာဖြစ်လို့မလာတာလဲပြောစမ်းပါဦး"

ရိပေါ် ထိုင်လိုက်တာနဲ့ယွိပင်းကမကျေမနပ်မေးလာသည်။

"မနက်ကမားဆေးစစ်ရမဲ့နေ့မို့လေကျဲကလည်းမအားတာနဲ့ငါလိုက်သွားပေးတာ"

"အော် ဒါကြောင့်ကိုး ဒါနဲ့မင်းအဲ့မှာဆရာဝန်မချောချောလေးတွေမတွေ့ခဲ့ဘူးလား"

ရိပေါ် ဟောက်ရွှမ်းရဲ့ပြီတီတီမျက်နှာနဲ့အမေးကြောင့်မနက်ကသူတွေ့ခဲ့တဲ့ဆရာဝန်လေးအကြောင်းကိုပြန်တွေးမိတော့သူ့မျက်နှာမှာအပြုံးတစ်ခုဖြစ်ပေါ်လာသည်။

"ဟာ ဟေ့ကောင်မင်းတကယ်ကြီးလားပြောစမ်းပါဦးငါတို့ရဲ့သူငယ်ချင်းကြီးကိုဒီလိုပြုံးအောင်လုပ်နိုင်တဲ့ဆရာဝန်မလေးကဘယ်လောက်တောင်ချောနေလို့လဲ"

ရိပေါ် ယွိပင်းရဲ့အမေးကြောင့်ရယ်လိုက်ကာပြန်ဖြေလိုက်သည်။

"ဟားး  ဆရာဝန်မလေးမဟုတ်ဘူးကွ
ဆရာဝန်လေး ဆရာဝန်လေး အကြည့်လေးတစ်ချက်နဲ့တင်ငါ့ကိုရင်ခုန်အောင်လုပ်သွားတဲ့ဆရာဝန်လေး"

"ဟေ့ကောင် မင်းတကယ်ကြီးကွေးသွားတာလားဟမ်"

သူ့အပြောကြောင့်ဟောက်ရွှမ်းကမယုံနိုင်စွာမေးလာသည်။
ဟုတ်တယ်လေ။ဝမ်ရိပေါ်ဆိုတာဘယ်သူမို့လို့လဲအခုချိန်ထိသူအပျော်တွဲခဲ့တဲ့မိန်းကလေးတွေကသူ့အသက်နှစ်ဆတောင်မကတော့ဘူး။
အဲ့တာကိုအခုမှယောက်ျားလေးတစ်ယောက်ကိုမြင်မြင်ချင်းချစ်ကြိုက်သွားတယ်ဆိုတာဖြစ်ရောဖြစ်နိုင်လို့လား။

Other Side Of Love  (Complete)Onde histórias criam vida. Descubra agora