Unicode
ရှောင်းကျန့်ကုတင်ပေါ်မှာထိုင်လို့သူ့ဘေးမှာလှဲလျောင်းနေတဲ့သူကိိုထိုင်ကြည့်နေမိသည်။
သူတစ်ညလုံးရိပေါ်ကိုအဝတ်အစားလဲပေးပြီးနွေးနွေးထွေးထွေးထားတာတောင်ရိပေါ်ကအခုထိမနွေးသေးပေ။ပိုလို့တောင်အေးစက်လာသလို။ရိပေါ်နိုးလာရင်ဆေးတိုက်မလို့ကိုရိပေါ်ကအိပ်ပျော်နေတုန်းပင်ဖြစ်သည်။
မနေ့ညထဲကအခုချိန်ထိအခန်းပြင်ကိုမထွက်မိသလိုဘယ်သူ့ကိုမှလည်းအခန်းထဲကိုအဝင်မခံပေ။သားကတော့သူ့ရဲ့ရင်ခွင်ထဲမှနေလို့သူ့ကိုကြည့်လိုက်ကုတင်ပေါ်မှာလှဲနေတဲ့သူ့ဒယ်ဒီကိုကြည့်လိုက်နှင့်ဘယ်သူကမှသူ့ကိုဂရုမစိုက်ဘူးဟုထင်နေပုံကြောင့်ငိုမဲ့မဲ့လေးဖြစ်နေပုံသည်ချက်ချင်းပင်ပွေ့ချီလို့ချော့မြူချင်စရာလေးပင်။
ဒါပေမဲ့သူအခုအဲ့လိုလုပ်ဖို့နေသာသာထိုင်ရာကနေတောင်မထချင်ပေ။သူမနေ့ကမိုးရေထဲမှာအကြာကြီးရပ်မိသွားလို့များလား။အဲ့တာကြောင့်အခုလိုလှုပ်ချင်စိတ်တောင်မရှိဘဲထိုင်နေမိတာလား။အဲ့ဒါဆိုကုတင်ပေါ်မှာလှဲနေတဲ့သူကရောသူ့လိုဘဲမိုးမိသွားလို့များလား။အဲ့ဒါဖြစ်နိုင််တယ်သူ့ထက်အရင်မိုးရေထဲမှာအကြာကြီးနေခဲ့လို့ဒီလိုဖြစ်နေတာ၊အဲ့တာကြောင့်သတိပြန်မရသေးတာဖြစ်နိုင်ပါသည်။
ဟုတ်သားဘဲရှောင်းကျန့်မင်းဘာတွေကြောင်နေတာလဲ။မင်းကဆရာဝန်တစ်ယောက်လေလူနာကိုဆေးကုပေးပြီးစောင့်ရှောက်ပေးရမှာကိုအခုချိန်ထိမလုပ်ဘဲဘာတွေလုပ်နေမိတာလဲ။သူချက်ချင်းထိုင်နေရာမှထပြီးသားကိုပွေ့ချီလို့အခန်းပြင်ကိုထွက်လိုက်တယ်။သူအခန်းပြင်ထွက်တာနဲ့အခန်းရှေ့မှာရပ်နေတဲ့ကျဲရှင်းမေနဲ့မားဝမ်ကိုတွေ့ရတာကြောင့်သားကိုကျဲလက်ထဲထည့်ပေးလို့သူကတော့အောက်ထပ်ကမီးဖိုခန်းကိုအပြေးသွားမိသည်။ရိပေါ်နိုးလာရင်ဆန်ပြုတ်ပူပူလေးသောက်ပြီးဆေးသောက်ရအောင်ပင်။
သူဆန်ပြုတ်ယူပြီးပြန်လာတော့ကျဲနဲ့မားကသူတို့အခန်းထဲရောက်နေပြီ။သားကတော့သူ့ရဲ့အိပ်ယာလှည်းလေးပေါ်မှာနို့ဘူးကိုစုပ်လို့ငြိမ်သက်နေသည်။ကျဲကတော့ရိပေါ်ရဲ့လက်ကိုကိုင်လို့မျက်ရည်ကျနေသည်။မားဝမ်ကတော့ရိပေါ်ကိုဖက်လို့ငိုနေသည်။
သူတို့ကဘာလို့ငိုနေကြတာလဲ။ရိပေါ်ကပင်ပန်းလို့ခဏအိပ်နေရုံဘဲကိုဘာတွေအဲ့လောက်ငိုနေကြတာလဲ။
![](https://img.wattpad.com/cover/307900841-288-k16201.jpg)
ESTÁS LEYENDO
Other Side Of Love (Complete)
Fanficအရာရာမှာတဇွတ်ထိုးလုပ်တတ်ပြီးမိဘအရှိန်အဝါနဲ့လိုချင်တာကိုမရရအောင်ယူတတ်တဲ့ဝမ်အိမ်တော်ရဲ့သားအငယ်ဆုံး Dominant Alpha ဝမ်ရိပေါ် မိဘမဲ့တစ်ယောက်ဖြစ်ပေမယ့်မာနကြီးကာစိတ်ထားကောင်းတဲ့ Omega ဆရာဝန်လေးရှောင်းကျန့် နှစ်ယောက်ကြားကဖြစ်ပေါ်လာမယ့်ကြည်နူးဖွယ်အချစ်ဇာတ်...