Unicode
Leo Wang
တရုတ်နိုင်ငံမှာမွေးတယ်။အသက်၄နှစ်အရွယ်မှာမိဘနှစ်ပါးလုံးကားaccidentနဲ့ဆုံးသွားခဲ့တယ်။ကားaccidentမှာLeo Wangလည်းပါခဲ့ပေမဲ့ကံကောင်းစွာအသက်ရှင်ခဲ့တယ်။ဆေးရုံကနေအသက်၄နှစ်အရွယ်Leo Wangလေးကိုအဘိုးဖြစ်သူကSwitzerlandကိုခေါ်သွားပြီးစောင့်ရှောက်ပေးခဲ့တယ်။
ငယ်ငယ်လေးထဲကအဘိုးဖြစ်သူရဲ့စည်းကမ်းတွေနဲ့ပုံစံခွက်ထဲမှာနေခဲ့ရတဲ့သူဟာအသက်၁၈နှစ်ပြည့်အပြီးမှာဘဲအဘိုးရဲ့Switzerlandမှာရှိတဲ့ကုမ္ပဏီရုံးချုပ်မှာCEOတစ်ယောက်တာဝန်ကိုယူနိုင်ခဲ့သည်။
အသက်ငယ်သေးသည်။အရည်အချင်းမပြည့်ဝသေးမှာစိုးတယ်ဆိုတဲ့ကုမ္ပဏီရှယ်ယာရှင်တွေရဲ့ပါးစပ်ကိုနေ့တစ်ဝက်ထဲနဲ့ကုမ္ပဏီရှယ်ယာတွေကိုနှစ်ဆထိထိုးတတ်စေတဲ့ပရောဂျက်တစ်ခုကိုလုပ်ပြပြီးပိတ်စေခဲ့သည်။သူ့ကိုလက်မခံတဲ့လူတွေရဲ့မကောင်းတဲ့နောက်ကြောင်းတွေကိုစုံစမ်းခဲ့ပြီးဖြုတ်ချပစ်ခဲ့သည်။အသက်နှစ်ဆယ်အရွယ်မှာတင်Switzerlandသာမကနိုင်ငံတိုင်းမှာလည်းကုမ္ပဏီခွဲတွေဖွင့်ခဲ့ပြီးတစ်ကမ္ဘာလုံးဆိုင်ရာအသက်အငယ်ဆုံးစီးပွားရေးပညာရှင်ဆုကိုလည်းရရှိခဲ့တယ်။
သူ့ရဲ့အဘိုးဆုံးသွားပြီးနောက်မှာတော့အရင်ကထက်ပိုလို့အေးစက်လာပြီးစီးပွားရေးလောကရဲ့နတ်ဘုရားတစ်ပါးလိုတင်စားရတဲ့ထိအောင်မြင်လာခဲ့သည်။ဒါပေမဲ့Leo Wangဆိုတဲ့သူကိုမြင်ဖူးတဲ့သူဟာအတော်ရှားတယ်....အလုပ်နဲ့ပတ်သတ်တဲ့အင်တာဗျူးတွေအကုန်ငြင်းခဲ့သလိုဆုယူတာတောင်ကိုယ်စားယူခိုင်းသည်အထိ....
ဒါကြောင့်Leo Wangဆိုတဲ့နတ်ဘုရားကိုမြင်ဖူးသူဟာအတော်ရှားသည်....အခုသူ့ရဲ့မွေးရပ်မြေဖြစ်တဲ့တရုတ်မှာကုမ္ပဏီခွဲတစ်ခုဖွင့်ဖို့လုပ်ပေမဲ့သစ္စာဖောက်တစ်ကောင်ကြောင့်နှောင့်နှေးသွားရသည်။ဒါကြောင့်အဲ့ဒီ့ကြွက်ကိုရှင်းဖို့တရုတ်ကိုသူကိုယ်တိုင်ရောက်လာခဲ့ရသည်။ဖြစ်နိုင်ရင်တော့ဒီကိုမလာချင်ပေ။သူ့ရဲ့မိဘတွေသေဆုံးခဲ့ရတဲ့နေရာဖြစ်သလိုသူ့ရဲ့မကောင်းတဲ့အတိတ်တွေကိုမှတ်မိစေလို့ဖြစ်သည်။
![](https://img.wattpad.com/cover/307900841-288-k16201.jpg)
KAMU SEDANG MEMBACA
Other Side Of Love (Complete)
Fiksi Penggemarအရာရာမှာတဇွတ်ထိုးလုပ်တတ်ပြီးမိဘအရှိန်အဝါနဲ့လိုချင်တာကိုမရရအောင်ယူတတ်တဲ့ဝမ်အိမ်တော်ရဲ့သားအငယ်ဆုံး Dominant Alpha ဝမ်ရိပေါ် မိဘမဲ့တစ်ယောက်ဖြစ်ပေမယ့်မာနကြီးကာစိတ်ထားကောင်းတဲ့ Omega ဆရာဝန်လေးရှောင်းကျန့် နှစ်ယောက်ကြားကဖြစ်ပေါ်လာမယ့်ကြည်နူးဖွယ်အချစ်ဇာတ်...