OSOL 24 {U+Z}

3.8K 212 2
                                    

Unicode

ရှောင်းကျန့်Leo Seanမှာအလုပ်လုပ်နေသည်မှာဒီနေ့နဲ့ဆိုရက်နှစ်ဆယ်လောက်ရှိပြီ...သူ့ရဲ့ပထမဆုံးအလုပ်စလုပ်ပြီးနောက်တစ်နေ့မှာတော့Chaung gpရဲ့ငွေကြေးခြစားမှုတွေနဲ့ယွင်ချောင်ရဲ့မကောင်းမှုတွေအားလုံးပေါ်လာပြီးChaungလဲဒေဝါလီခံခဲ့ရသလိုယွင်ချောင်ဆိုတဲ့လူကလည်းထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခဲ့တယ်...
Chaung gpရဲ့အတွင်းရေးတွေအကုန်လုံးကိုအမည်မသိလူတစ်ယောက်ကသတင်းပေးခဲ့တာဖြစ်တယ်ဆိုတာကလွဲရင်ဘယ်သူ​ဘယ်
ဝါဆိုတာကိုဘယ်သူမှမသိခဲ့ရပေ.....

သူကတော့မကောင်းတဲ့သူတွေဒီလိုခံရတာကိုဝမ်းသာမိပေမဲ့အပြစ်မရှိတဲ့ဝန်ထမ်းတွေဒီလိုအလုပ်လက်မဲ့ဖြစ်သွားကြတာကိုတော့သိတ်မကောင်းဖြစ်မိသည်..အောက်ခြေဝန်ထမ်းဆိုတာကအထက်လူကြီးခိုင်းတဲ့အတိုင်းလုပ်ချင်လည်းလုပ်မလုပ်ချင်လည်းလုပ်နေတဲ့လူတွေ...မိသားစုစားဝတ်နေရေးအဆင်ပြေဖို့နေ့မအားညမအားကြိုးစားနေကြရတယ်...အထက်လူကြီးအကြိုက်ကိုလိုက်ပေးကြရေသေးသည်...ဒီလိုမလုပ်ရင်သူတို့ရထားတဲ့အလုပ်လေးတောင်ပြုတ်သွားနိုင်တာမလို့...သူလည်းကုမ္ပဏီအလုပ်တွေစလုပ်ထဲကဒီလိုသဘောတရားတွေကိုသိနေပြီ....အင်အားကြီးတဲ့လူကအားနည်းတဲ့သူကိုဖိနှိပ်နေကြတာကတော့နေရာပေါင်းစုံဌာနပေါင်းစုံနဲ့အရပ်ဒေသမျိုးစုံမှာရှိနေကြသည်ပင်....

ဒီရက်နှစ်ဆယ်အတွင်းမှာLeo Wangဆိုတဲ့လူကသူ့ကိုအမျိုးမျိုးFlirtခဲ့တာ...တစ်နေ့တစ်မျိုးမရိုးရအောင်လည်းလက်ဆောင်အမျိုးမျိုးပေးတတ်သေးသည်...သူဘယ်လောက်ဘဲလက်မခံပါဘူးဆိုဆိုကူညီပေးတဲ့အတွက်ကျေးဇူးတင်တာပါဟုဆိုတာပေးတတ်သည်...

အဲ့ဒီ့အပြင်သားနဲ့ပါအရမ်းရင်းနှီးလာတာ..သားကလည်းသူ့ဒယ်ဒီဆိုကာအရမ်းကပ်သည်...အဲ့တာကိုဟိုကလည်းသားဆိုကာအရမ်းရင်းနှီးနေကြသည်...သားက ကလေးမလို့ဒီလိုထင်တာကိုသူနားလည်သည်..ဒါပေမဲ့သားကလည်းLeo Wangဆိုတဲ့သူနဲ့တွေ့ရင်အရမ်းပျော်နေတာကိုမြင်ရတော့သူလည်းအတင်းအကြပ်တော့မတားချင်ပေ...

သားကဘယ်လောက်ဘဲသူ့ရှေ့မှာလူကြီးလေးလိုနေနေပါစေ..သူလည်းသူ့ဒယ်ဒီကိုလွမ်းနေမယ်ဆိုတာသူသိပါသည်....ဒါပေမဲ့လည်းဒီ့ထက်ပိုပြီးအဆင့်တွေမတတ်ဖို့တော့သူတားရတော့မည်...အချိန်တန်ရင်Leo Wangဆိုတဲ့လူကသူနေတဲ့နေရာကိုပြန်ရမှာ..
အဲ့ဒီ့အချိန်ရောက်ရင်သားကခံစားပြီးကျန်ခဲ့ရမှာကိုမလိုချင်ပေ....ပြီးတော့တစ်နေ့တစ်ခြားထူးခြားလာတဲ့သူ့ရဲ့နှလုံးသားကြောင့်ရော...

Other Side Of Love  (Complete)Onde histórias criam vida. Descubra agora