Unicode
ရှောင်းကျန့်သူ့ရဲ့ကွန်ဒိုအခန်းရှေ့ရောက်တော့အခန်းတံခါးကိုမှီလို့စောင့်နေတဲ့ကျိုးချန်ကသူ့ကိုတွေ့တာနဲ့ပြေးဖက်လာတာကြောင့်နဂိုထဲကနာနေတဲ့ခန္ဓာကိုယ်ဟာအင့်ခနဲ။
"ငါမင်းကိုစိတ်ပူနေတာရှောင်းကျန့်ရမင်းကဘယ်ကိုပျောက်သွားတာလဲ။ငါ့ကိုလည်းမပြောသွားတော့ငါအရမ်းစိတ်ပူသွားတာအခုရောဘယ်ကပြန်လာတာလဲ။မင်းပုံကလဲဖြူဖျော့နေတာဘဲ"
"ခဏနေပါဦးကျိုးချန်ရာ အဲ့ဒီ့မေးခွန်းတွေပြီးမှမေးစမ်းပါ။ငါအခုနားချင်နေလို့အထဲကိုအရင်ဝင်ပါရစေဦး"
"အာ ဟုတ်ပြီ။ဟုတ်ပြီအထဲဝင်ကြမယ်။ငါလည်းမင်းကိုစောင့်နေတာ"
ရှောင်းကျန့်အထဲကိုရောက်တာနဲ့အိပ်ခန်းထဲတန်းဝင်လိုက်ပြီးကုတင်ပေါ်လှဲချလိုက်တော့တယ်။သူကောင်းကောင်းအနားယူမှဖြစ်တော့မယ်။ဒါပေမဲ့လူစကားနားမလည်တဲ့ကျိုးချန်ဆိုတဲ့အကောင်ကသူ့အိပ်ခန်းထဲထိဝင်လာကာကုတင်ပေါ်မှာထိုင်လို့သူ့ကိုမေးခွန်းတွေဘဲတရစပ်မေးနေခဲ့သည်။
အဲ့လိုလူ့အရိပ်သုံးပါးနားမလည်လို့လည်းအခုချိန်ထိနှစ်ချို့FAဖြစ်နေရတာ။သူလည်းမကြားချင်ယောင်ဆောင်လို့ဆက်သာအိပ်နေလိုက်တော့သည်။ဘေးနားကပေါက်ပေါက်ဖောက်နေတဲ့လူလည်းဘယ်အချိန်ရပ်သွားမှန်းသူမသိပေ။သူပင်ပန်းနေတဲ့အတွက်အိပ်မက်ကမ္ဘာထဲအလည်ရောက်သွား၍ဖြစ်သည်။
.............
သူအိပ်ယာကနိုးလာတော့နေ့လည်၁နာရီ။နိုးတာနဲ့အိပ်ယာကထလို့လန်းအောင်မျက်နှာသစ်လိုက်ပြီးမနက်ထဲကအခုထိဘာမှမစားရသေးတဲ့အတွက်ဗိုက်ဆာနေပြီဖြစ်တာကြောင့်တစ်ခုခုစားဖို့မီးဖိုခန်းထဲဝင်လာခဲ့တယ်။ဒါပေမဲ့မီးဖိုခန်းရဲ့အလယ်ထမင်းစားစားပွဲခုံပေါ်မှာထိုင်လို့သူ့အိမ်ကဟင်းတွေကိုတဖြဲနှစ်ဖြဲစားသောက်နေတဲ့သကောင့်သားကျိုးချန်ကြောင့်
"ဟေ့ကောင် မင်းအခုထိငါ့အိမ်ကမပြန်သေးဘူးလား။"
"အော် ရှောင်းကျန့် မင်းနိုးလာပြီလား။ငါပြန်သေးတယ်။မင်းကိုပြောစရာရှိလို့ပြန်လာတာ။ဒါပေမဲ့ငါဗိုက်ဆာနေတာနဲ့ရေခဲသေတ္တာထဲကတွေ့တာလေးတွေထုတ်စားနေတာ။မင်းစိတ်မဆိုးဘူးမလားနော်"
![](https://img.wattpad.com/cover/307900841-288-k16201.jpg)
YOU ARE READING
Other Side Of Love (Complete)
Fanfictionအရာရာမှာတဇွတ်ထိုးလုပ်တတ်ပြီးမိဘအရှိန်အဝါနဲ့လိုချင်တာကိုမရရအောင်ယူတတ်တဲ့ဝမ်အိမ်တော်ရဲ့သားအငယ်ဆုံး Dominant Alpha ဝမ်ရိပေါ် မိဘမဲ့တစ်ယောက်ဖြစ်ပေမယ့်မာနကြီးကာစိတ်ထားကောင်းတဲ့ Omega ဆရာဝန်လေးရှောင်းကျန့် နှစ်ယောက်ကြားကဖြစ်ပေါ်လာမယ့်ကြည်နူးဖွယ်အချစ်ဇာတ်...