OSOL 18 {U+Z}

3.6K 244 6
                                    

Unicode

ဘာလိုလိုနဲ့ရှောင်းကျန့်ဝမ်အိမ်တော်မှာရောက်နေတာသုံးလလောက်ရှိပြီ။
သူရဲ့ကိုယ်ဝန်ကလည်းသုံးလကျော်လေးလထဲဝင်နေပြီဆိုတော့တော်တော်သိသာလာတယ်။ဗိုက်လေးကလည်းပူလာတာကနေ့စေ့လစေ့ကလေးလိုပင်။

တခြားသူတွေအတွက်သုံးလကျော်လေးလအတွင်းဆိုတာကပုံမှန်ဆိုပေမဲ့ယောက်ျားလေးomegaတစ်ယောက်ဖြစ်တဲ့သူ့အတွက်ကတော့တော်တော်လေးကိုပင်ပန်းလာသည်။ဘာလုပ်လုပ်ဗိုက်ကခံနေတာကြောင့်အလုပ်မတွင်ပေ။

အရင်လိုစားချင်တာတွေလည်းစားလို့မရတော့သလို့အစစအရာရာဂရုစိုက်နေရသည်။အချဥ်အစပ်တွေလည်းသူရှောင်နိုင်သလောက်ရှောင်သည်။ဝမ်ရိပေါ်ကတော့သူစားချင်တာမှန်သမျှကိုမညည်းမညူလိုက်လုပ်ပေးသည်။ဝယ်ချင်တာရှိရင်လည်းလိုက်ဝယ်ပေးသည်။သူဘယ်လောက်ဘဲလျစ်လျူရှုနေနေသူကတော့ကိုယ့်ရဲ့အရိပ်အခြေကိုလိုက်ကြည့်ပြီးဖြည့်စည်းပေးနေတုန်းပင်။

ဝမ်သခင်မကြီးကတော့သူ့ကိုအမြဲကလေးအတွက်လိုအပ်တာတွေပြောပြပြီးသင်ပြပေးနေတာကြောင့်သူ့အတွက်တော့သိပ်မပျင်းရတော့ပေ။မဟုတ်ရင်သူ့ကိုဆေးရုံမှာလည်းအလုပ်မဆင်းခိုင်းဘဲအိမ်မှာဘဲမင်းသားတစ်ပါးလိုနေနေရတဲ့အတွက်ပျင်းလွန်းသည်ပင်။ကျဲရှင်းမေကတော့လူကိုယ်တိုင်ဂရုမစိုက်နိုင်ပေမဲ့ကလေးအတွက်နဲ့သူ့အတွက်ကတော့လိုလေသေးမရှိအောင်ထားပေးသည်။

ရှောင်းကျန့်ကျောနောက်မှာခေါင်းအုံးလေးခုလို့ကုတင်ပေါ်မှာစာအုပ်ထိုင်ဖတ်နေသည်။သူ့ရဲ့စူမို့မို့ဗိုက်ကလေးကအသည်းယားစရာလေး...သူသဘောတကျနဲ့ဖွဖွလေးပွတ်လိုက်သည်။

နောက်တစ်လလောက်ဆိုရင်သူ့ရဲ့ကလေးလေးကိုမြင်တွေ့ရတော့မှာပင်။သူမွေးလာမှကလေးကဘာဖြစ်မလဲသိချင်တာကြောင့်Ultrasoundမရိုက်ထားပေ။ဝမ်သခင်မကြီးကတော့ယောက်ျားကလေးဖြစ်မယ်ဘဲပြောသည်။Dominant Alphaနဲ့သူ့လိုယောက်ျားလေးomegaကမွေးတဲ့ကလေးကယောက်ျားလေးAlphaသာဖြစ်နိုင်သည်တဲ့လေ။

သူကတော့ကလေးကဘာလေးဘဲဖြစ်ဖြစ်ချစ်မှာ....သူတွေးရင်းနဲ့စိတ်လှုပ်ရှားလာမိသည်...

Other Side Of Love  (Complete)Où les histoires vivent. Découvrez maintenant