Unicode
*******************************
အောက်ပါဇာတ်ဝင်ခန်းတွင်ပါရှိသောစကားလုံးအပြောအဆိုများသည်ဇာတ်လမ်းသဘောအရ သာဖြစ်ပါသည်။Idolများအားထိခိုက်စေလိုခြင်းမရှိပါ။
*******************************ရှောင်းကျန့်နိုးလာတော့ပထမဆုံးသူ့ရဲ့နှာခေါင်းထဲဝင်လာတာကဆေးရုံအနံ့ပင်။
သူဘယ်လိုလို့ဆေးရုံရောက်နေတာလဲသူနောက်ဆုံးမှတ်မိတာကသူ့ရဲ့အပေါ်မှာလှုပ်ရှားနေတဲ့ဝမ်ရိပေါ်ကိုဘဲ။ပြီးတော့သူမေ့လဲသွားတယ်။သူ့ရဲ့ညာဘက်လက်ကနာကျင်မှုကြောင့်ကြည့်လိုက်တော့ဆေးပိုက်တစ်ခုသွယ်တန်းထားတယ်။သူ့ရဲ့ဘယ်ဘက်လက်ကိုလည်းတစ်ယောက်ယောက်ဆုပ်ကိုင်ထားမှုကြောင့်ထုံနေပြီဖြစ်သည်။သူ့ရဲ့လက်ကိုဆုပ်ကိုင်ထားတဲ့လူကိုကြည့်လိုက်တော့ဝမ်ရိပေါ်ဖြစ်နေတာကြောင့်သူဒေါသထွက်စွာသူ့ရဲ့လက်ကိုဆုပ်ကိုင်ထားတဲ့လက်ထဲကနေရုန်းထွက်မိသည်။သူ့ရဲ့ရုန်းမှုကြောင့်သူ့လက်ကိုဆုပ်ကိုင်လို့ကုတင်ပေါ်ခေါင်းတင်လို့အိပ်နေပုံပေါ်တဲ့ဝမ်ရိပေါ်ကချက်ချင်းနိုးလာခဲ့သည်။
ဝမ်ရိပေါ် ရှောင်းကိုစောင့်နေရင်းရှောင်းရဲ့လက်ကိုဆုပ်ကိုင်လို့ကုတင်ပေါ်မှာမှေးခနဲဖြစ်သွားခဲ့သည်။သူ့လက်ထဲကလှုပ်ရှားမှုတစ်ခုကြောင့်သူနိုးလာတော့ရှောင်းကနိုးနေပြီဖြစ်ပြီးသူ့လက်ထဲဆုပ်ကိုင်ထားတဲ့ရှောင်းရဲ့လက်ကိုအတင်းရုန်းထွက်နေတာကြောင့်သူလွှတ်မပေးဘဲတင်းကြပ်စွာပြန်ဆုပ်ကိုင်လိုက်သည်။
”ရှောင်း နိုးပြီလား။ဘယ်နားကနာနေသေးလဲ။နေရထိုင်ရတာကကောအဆင်ပြေရဲ့လား။အဆင်မပြေရင်ပြောနော်ကိုယ်ဆရာဝန်ကိုခေါ်ပေးမယ်”
ရှောင်းကျန့်သူ့ကိုစိတ်ပူသလိုပြောနေတဲ့ဝမ်ရိပေါ်ကြောင့်သူ့မျက်နှာမှာအလိုမကျမှုနဲ့အတူစိတ်ပျက်မှုတွေပေါ်လာခဲ့သည်။
”အပိုတွေပြောမနေစမ်းပါနဲ့ဝမ်ရိပေါ်။ငါ့ကိုဒီလိုဖြစ်အောင်ဘယ်သူကလုပ်တာမလို့မင်းကငါ့ကိုလာစိတ်ပူပေးနေရတာလဲ။မင်းမှာအဲ့လိုစိတ်ပူခွင့်ရောရှိလို့လားဝမ်ရိပေါ်။မင်းတော်တော်အရှက်မရှိတာဘဲဝမ်ရိပေါ်။ငါအရင်ကမင်းကိုမုန်းဘဲမုန်းခဲ့တာအခုတော့ငါမင်းကိုသေလောက်အောင်ရွံသွားပြီဆိုတာသိရဲ့လား!!မင်းအခုချက်ချင်းထွက်သွား!!ငါ့မျက်စိရှေ့ကိုပေါ်မလာနဲ့။မဟုတ်ရင်ငါကိုယ့်ကိုကိုယ်သက်သေပစ်မယ်။ကြားလားငါမလုပ်ရဲဘူးမထင်နဲ့နော်ဝမ်ရိပေါ်”
![](https://img.wattpad.com/cover/307900841-288-k16201.jpg)
ВЫ ЧИТАЕТЕ
Other Side Of Love (Complete)
Фанфикအရာရာမှာတဇွတ်ထိုးလုပ်တတ်ပြီးမိဘအရှိန်အဝါနဲ့လိုချင်တာကိုမရရအောင်ယူတတ်တဲ့ဝမ်အိမ်တော်ရဲ့သားအငယ်ဆုံး Dominant Alpha ဝမ်ရိပေါ် မိဘမဲ့တစ်ယောက်ဖြစ်ပေမယ့်မာနကြီးကာစိတ်ထားကောင်းတဲ့ Omega ဆရာဝန်လေးရှောင်းကျန့် နှစ်ယောက်ကြားကဖြစ်ပေါ်လာမယ့်ကြည်နူးဖွယ်အချစ်ဇာတ်...