OSOL 29 {U+Z}

4.8K 203 2
                                    

Unicode

”အဲ့တာဆိုဘယ်လိုဆက်လုပ်ချင်လဲရှောင်း....”

ရှောင်းကျန့် ရိပေါ်ရဲ့ရင်ခွင်ထဲခေါင်းမှီလို့ရိပေါ်ပြောသမျှကိုအသာငြိမ်လို့နားထောင်နေရင်းကမေးလာတဲ့စကား​ကြောင့်ရိပေါ်ကိုမော့ကြည့်မိသည်....

”ဟမ်....ဘာကိုလည်း....”

”ကိုယ်ပြောတာက လင်မျိုးဆက်နှစ်ယောက်ကိုဘယ်လိုလုပ်ချင်လဲလို့....”

”အဲ့တာကိုဘာလို့ငါ့ကိုလာမေးနေတာလဲရိပေါ်....”

”ကိုယ်ကရှောင်းပြောသလိုလုပ်မှာမလို့လေ...”

”ဟင်းးးး...တကယ်တော့ကျဲနဲ့ကျိုးချန်ကမင်းမရှိတဲ့နှစ်တွေမှာငါ့အပေါ်တကယ်ဂရုစိုက်ပေးခဲ့ပါတယ်....ပြီးတော့ဒီလိုလုပ်ရတယ်ဆိုတာလဲသူတို့မှာအကြောင်းပြချက်တွေရှိနေတယ်...ဒါပေမယ့်အလုံးစုံခွင့်လွှတ်ပေးဖို့ကြငါတကယ်မလုပ်နိုင်ဘူး...သူတို့ငါ့တစ်ယောက်ထဲကိုဘဲအဲ့လိုလုပ်ခဲ့မယ်ဆိုရင်တောင်ငါခွင့်လွှတ်ပေးနိုင်လိမ့်မယ်....ဒါပေမယ့်သားရဲ့ပုံစံကိုငါအခုထိမျက်လုံးထဲကမထွက်နိုင်သေးဘူး....သူတို့နာကျည်းချက်တွေကိုငါနားလည်ပေးနိုင်ပါတယ်...ဒါပေမယ့်သားကိုအချိန်မှီမကယ်နိုင်ခဲ့ရင်ဆိုတဲ့အတွေးကငါ့ကိုနှိပ်စက်နေတုန်းဘဲ...ငါကတစ်ကိုယ်ကောင်းဆန်တယ်မလားရိပေါ်...ငါ့တစ်ယောက်ထဲရဲ့ခံစားချက်တွေကိုဘဲကြည့်နေမိတယ်......”

တစ်ယောက်ထဲစိတ်ထဲတွေးကာဝမ်းနည်းနေပုံရတဲ့ရှောင်းကြောင့်ရိပေါ် ရှောင်းကိုရင်ခွင်ထဲမှထုတ်ကာမျက်နှာချင်းဆိုင်လိုက်ပြီး

”ရှောင်း....ရှောင်းကတစ်ကိုယ်ကောင်းမဆန်ပါဘူး...ရှောင်းရဲ့ခံစားချက်ကို ကိုယ်နားလည်ပါတယ်...ဒါကလူကြီးတွေကြား
ဖြစ်ခဲ့တဲ့ကိစ္စလေ...ဒီကိစ္စအတွက်သူတို့နှစ်ယောက်ကကိုယ့်ကိုမုန်းနေတယ်ဆိုတာဖြစ်သင့်ပါတယ်....ဒါပေမယ့်ရှောင်းနဲ့သားကိုဒီလိုလုပ်ခဲ့တာကိုတော့ကိုယ်တစ်ကယ်ခွင့်မလွှတ်နိုင်ဘူး...ရှောင်းကသူတို့ကိုခွင့်လွှတ်ပေးမယ်ဆိုရင်တောင်ကိုယ်ကတော့ခွင့်လွှတ်ပေးနိုင်မယ်မထင်ဘူးရှောင်း...သူတို့ကြောင့်ကိုယ်ရှောင်းနဲ့သားနဲ့အကြာကြီးခွဲနေခဲ့ရတယ်....ပြန်တွေ့တဲ့အခါကျတော့လည်းအကြောင်းကြောင်းတွေကြောင့်နီးရက်နဲ့ဝေးနေခဲ့ရတယ်....…”

Other Side Of Love  (Complete)Opowieści tętniące życiem. Odkryj je teraz