သို့/အသည်းတုန်နေအောင်ချစ်ရပါသောချစ်သည်းတုန်ရှောင်း... နှလုံးသားတစ်ခုလုံးနဲ့ရင်းပြီး ကိုယ်မင်းကိုချစ်တယ်..
မောင်..♡
...................
" တောက် '' ခေါက်သံ ခပ်ပြင်းပြင်းက အိမ်တော်ရဲ့ ဧည့်ခန်းမှာ ထွက်ပေါ်လာသည်။
စာတစ်စောင်ကိုကိုင်ထားပြီး ပေါက်ကွဲနေတဲ့ သခင်လေးကြောင့် maid တွေခမျာမှာကြောက်ရွံနေကြရသည်။
သူမတို့၏ မာနကြီးပြီး စိတ်တိုဒေါသထွက်လွယ်သည့် ရာဇဝတ်အိုးသခင်လေးကို ဘယ်သူကများ ရာရာစစ တုတ်နဲ့လာထိုးသွားတာလဲ..။
အဟမ်း မှားလို့.. စာပေးရဲရတာလဲ။
" ဒီစာအကြောင်းကို ဒယ်ဒီ မသိစေနဲ့... အကုန်လုံး ကြားလား!!''
သြဇာသီးရောင်းနေတဲ့ သခင်လေးရဲ့အသံက ဟိန်းလွန်းလို့ အနားမှာ အိပ်ပျော်နေတဲ့ဆင်သာရှိရင် လန့်ပြီးပြေးလောက်တယ်။
အိမ်ရှေ့ကို ထွက်သွားတဲ့ သခင်လေးရဲ့ ကျောပြင်ကို ကြည့်ပြီး သူမတို့၏ စိတ်ထဲမှာ ထိုနည်းလည်းကောင်း တွေးနေကြ။
အသင့်ဖွင့်ထားတဲ့ ကားတံခါးကြောင့် လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး မျက်နှာထားကို ပြင်လိုက်သည်။
ခုနကလေးတင် စိတ်တိုနေတဲ့သခင်လေးက မာနကြီးမောက်မာပြီး ဘယ်သူ့ကိုမှ လူမထင်သလိုမျိုး လစ်လျူရှု့ထားတဲ့အသွင်ပြောင်းသွားသည်။
ကားထဲမှာလည်း သူသိပ်သဘောကျသည့် ဆူးကြီးကြီးတွေဝန်းရံထားတဲ့ နှင်းဆီပန်းနီနီရဲရဲတွေရှိနေသေးသည်။
သဘောကျသလို ပြုံးလိုက်တဲ့အပြုံးက ကားထဲက လေထုကိုတောင်အေးစက်စက်ဖြစ်သွားစေသလား။
ဒရိုင်ဘာကြီးက ဘာကိစ္စနဲ့ ကြောက်ရွံ့သလို ဖြစ်နေရတာလဲ ။
ထားပါတော့.. ငါနဲ့မှ မဆိုင်တာပဲ။
သခင်လေးက တကယ်ကို လစ်လျူရှု့တဲ့နေရာမှာ အရှင်ဘုရင်တစ်ပါးပါပဲ။
အိမ်တော်ခြံဝန်းကျယ်ကြီးထဲကနေ ထွက်လာတဲ့ ကားက ဒီခေတ်မှာ စီးနိုင်တဲ့သူဆိုတာလက်ချိုးရေတွက်လို့ ရနေတဲ့ ကားပဲ။
YOU ARE READING
The Billets-Doux From Wang ♡.[Completed ]
RomanceStart Date... July 11 2022 End Date... August 10 2023 ယမ်းနံ့တွေပြည့်နေတဲ့အကျည်းတန်တဲ့စစ်တလင်းပဲဖြစ်ဖြစ်၊ ပန်းရနံ့တွေ ထုံသင်းနေတဲ့ လှပတဲ့ နေရာလေးပဲဖြစ်ဖြစ် ငါ့အတွက် ကိစ္စမရှိပါဘူး... မောင်သာ ငါ့ရဲ့အနားမှာရှိနေပေးရင် ငါ့အတွက်အဆင်ပြေပါတယ်... XiaoZha...