15.

2K 153 4
                                    

" မောင် ငါ့ကို သူမနဲ့ မိတ်ဆက်ပေးလိုက်တာနဲ့ အပြစ်ကျေသွားပြီလို့တွေးနေတာလား ''

ပြန်သွားတဲ့ မီရန်ဒါကို မေးငေါ့ပြီး ပြောလာတဲ့ ချစ်သည်းတုန်ရဲ့ စကားကြောင့် ဝမ်ရိပေါ်က သက်ပြင်းလေးခိုးချပြီး ပြုံးလိုက်သည် ။

ချစ်သည်းတုန်က မောင့်ကို သဝန်တိုနေတာပဲ ။

" ဘာလို့ငြိမ်နေတာလဲ... ပြောလေ ''

" မောင်ဘာအမှားလုပ်မိလို့လဲ ချစ်သည်းတုန်.. မောင်က သူ့ကို သာမန်အပေါင်းအသင်းအဆင့်တောင်မထားထားပါဘူး.. ဆိုင်ကိုလာတဲ့ Customer တစ်ဦးသက်သက်ပဲလို့ မောင်တွေးထားတာ ''

မောင့်ရဲ့ လေသံက ကလေးငယ်ကို သကြားလုံးတွေ ပေးကာ ချော့မြူနေသလိုပင် နားဝင်ချိုနေခဲ့သည်။ မောင့်ကိုယုံကြည်တာမို့ အထင်လွဲတာမျိုးမရှိပေမယ့် မောင့်ရဲ့ ချော့မြူမှုတွေကို နှစ်သက်တဲ့ ချစ်သည်းတုန်က ရောင့်တက်ချင်သေးသည်။

" မောင့်အပေါ်မှာ သူမကတော့ မရိုးသားဘူးလေ သူမရဲ့ မျက်ဝန်းတွေကို ငါရိပ်မိတယ်.. မောင်လည်းရိပ်မိနေမှာပေါ့ ''

အကဲခတ်မျက်ဝန်းတွေနဲ့ ကြည့်လာတဲ့ချစ်သည်းတုန်ကြောင့် မောင့်မှာ အသက်ပင်ဝအောင်မရှုရဲပေ။

" ချစ်သည်းတုန်..မောင့်ကို သဝန်တိုနေတာပဲ ''

" ဟုတ်တယ်.. အဲ့တော့ ဘာဖြစ်လဲ မကျေနပ်ဘူးလား ''

ဘောက်ဆတ်ဆတ်စကားဆိုလာသော ချစ်သည်းတုန်ရဲ့အနားကိုသွားက အသာလေးထွေးပွေ့လိုက်တဲ့ မောင်ရဲ့ မျက်နှာကချိုသာဝင်းပနေခဲ့သည်။

" ချစ်သည်းတုန်က မောင့်ကို မယုံကြည်ဘူးလား ''

" မောင်... ငါ့ကို စိတ်မရှည်တော့တာလား ''

မေးခွန်းတစ်ခုအတွက် ချစ်သည်းတုန်ကအဖြေမရှိပေမယ့် မေးခွန်းတစ်ခုတော့ရှိနေတတ်သည်။

" ရော်...မောင်က စိတ်မရှည်သလို ဘာများပြုမူမိလို့လဲ...မောင်က ချစ်သည်းတုန်ကို လေသံကျယ်ကျယ်တောင်ပြောဖူးတာမဟုတ်ဘူး ''

" ငါစိုးရိမ်လို့ပါ ... ငါ့မှာ မောင်ပဲ ရှိတာ.. မောင့်ကို မယုံကြည်တာမဟုတ်ပါဘူး..ကံတရားကိုမယုံရဲတာ ပြီးတော့ မောင့်အနားမှာ မိန်းမတွေများပြားတယ်လေ ''

The Billets-Doux From Wang ♡.[Completed ]Onde histórias criam vida. Descubra agora