" လွီ့လီ.. ငါပြောစရာရှိတယ် ''
" ပြောလေ..ဘာများလဲ ''
မစ္စကျန်းက နှပ်ကော်ဖီကို တစ်ငုံသောက်ပြီး ပြုံးပြုံးလေး ပြောလိုက်သည် ။
" ငါ မင်းကိုခဏလေးအဆက်အသွယ်ဖြတ်ထားချင်တယ် ''
ကော်ဖီဆိုင်ထဲက တိတ်ဆိတ်မှုတွေက နှစ်ဆလောက်ပိုပြီး တိတ်သွားသယောင်ပင်။
" ဘယ်တုန်းကများ..လွီ့လီကို ရှင့်ဘက်က ဆက်သွယ်ဖူးလို့လဲ ဒါလင်ရဲ့.. ''
သူမက ပြုံးပြုံးလေးပြန်ဖြေလာပေမယ့် ခံစားချက်တွေကတော့ ပြုံးနေမည်မဟုတ်တာကို ရှောင်းကျန့်က ရိပ်မိပါသည်။
" ....''
" ထားပါတော့... လွီ့လီကိုရှင့်ဘက်က ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခုတော့ ပေးပါ ''
" ငါ့မှာဘာမှ အကြောင်းပြချက်ပေးစရာမရှိဘူး.. နောက်ပြီး ငါတို့နှစ်ယောက်ကို စေ့စပ်ဖို့ လူကြီးတွေစီစဉ်နေတယ်..မင်းဘက်က တားပေးထားပါအုန်း ''
အားနာစိတ်လေးတစ်စက်မှမရှိလေဟန်ဖြင့်သာ ရှောင်းသခင်လေးက လိုရင်းကို တည့်ပြောလိုက်သည်။ စိတ်မွန်းကျပ်သွားပုံရသည့် မစ္စကျန်းက သူမ၏ စိတ်ကိုလွှတ်ချလိုက်ပြီး ပြုံးနေဆဲမျက်နှာထားနဲ့ ထပ်ပြောလာသည်။
" ဒါလင်.. လွီ့လီကတော့ ရှင့်ကိုနားမလည်နိုင်တော့ဘူး..ကွမ်ကျိုးကပြန်လာကတည်းက လွီ့လီကို သွေးအေးနေတာ လွီ့လီ သတိထားမိတယ်.. ဘာလဲ ကွမ်ကျိုးမှာ ဒါလင်အချစ်သစ်တွေ့လာတာလား ''
" အချစ်သစ်? လွီ့လီ မင်းတွေးနေတာတွေကအတွေးလွန်နေတာဖြစ်နိုင်ပါတယ် ဒါပေမယ့် တကယ်လည်းဖြစ်ချင်ဖြစ်သွားနိုင်တယ် ''
" ဒါလင်!! ''
ကျန်းလွီ့လီက အနည်းငယ် ကျယ်သောလေသံဖြင့်ထိန်းကာ ခေါ်လာပေမယ့် ရှောင်းသခင်လေး၏ ပုံစံက မှင်သေသေနဲ့သာ ကော်ဖီကို ဆက်သောက်ရင်း ထပ်ပြောလာသည်။
" လွီ့လီ.. ငါတို့က တွဲလာတာကြာပြီ..မင်းဘက်က ငါ့ကို အရင်စွပ်စွဲတာလေ၊ ငါ့အကြောင်းကို မင်းသိနေတာပဲ ''
YOU ARE READING
The Billets-Doux From Wang ♡.[Completed ]
RomanceStart Date... July 11 2022 End Date... August 10 2023 ယမ်းနံ့တွေပြည့်နေတဲ့အကျည်းတန်တဲ့စစ်တလင်းပဲဖြစ်ဖြစ်၊ ပန်းရနံ့တွေ ထုံသင်းနေတဲ့ လှပတဲ့ နေရာလေးပဲဖြစ်ဖြစ် ငါ့အတွက် ကိစ္စမရှိပါဘူး... မောင်သာ ငါ့ရဲ့အနားမှာရှိနေပေးရင် ငါ့အတွက်အဆင်ပြေပါတယ်... XiaoZha...