2.

4.6K 295 4
                                    

နားနဲ့မနာ ဖဝါးနဲ့မနာ..
နှလုံးသားနဲ့ နာတော်မူပါ..မောင့်ချစ်သည်းတုန်ရယ်..။ အခုကစပြီး..  ချစ်သည်းတုန်လို့ပဲ မောင်ခေါ်တော့မယ်နော် ။
အရမ်းချစ်တယ်..

ချစ်သည်းတုန်ရဲ့ မောင်..♡

...............

" တောက်...ဒီစာက ဘယ်လိုလုပ်ပြီး ငါ့စားပွဲပေါ်မှာရှိနေရတာလဲ...''

ရှောင်းသခင်လေး ဒေါသထွက်ပြန်ပါ၏။
Maid တွေထဲက မိန်းကလေးတစ်ဦး၏ လက်ကလေးထောင်ပြပြီး "ကျွန်မပါ'' လို့ ဝန်ခံတဲ့စကားတိုးတိုးလေးသည်လည်း မရှေးမနှောင်းမှာပဲ ထွက်ပေါ်လာပါ၏။

" ရပြီ ဒီစာကို ဘယ်သူလာပေးတာလဲ မင်းမြင်လား ''

" ဟင့်အင်း ကျွန်မမမြင်ပါဘူး ''

" တောက့် ''

ရှောင်းသခင်လေး ထပ်မံ၍ တောက်ခေါက်လိုက်တဲ့အခါ ထိုးအမျိုးသမီးလေးက ကြမ်းပြင်မှာ ဒူးထောက်ဝပ်တွားကာ တောင်းပန်စကားတွေ ဖန်တရာထေအောင်ဆိုတော့သည်။

" ကျစ်..စိတ်ရှုပ်တယ် ''

ရှောင်းသခင်လေးက အိမ်ရှေ့ကိုသာ ထွက်လာလိုက်တော့သည်။

ဘာကို ချစ်သည်းတာလဲ..
ဘယ်သူ့ကို လာပြီး ကြောင်တောင်တောင်လာလုပ်နေတာလဲ..
ဘယ်က ကလေကချေကောင်က ငါ့လို့လူကို မတန်မရာလာမှန်းနေတာလဲ..
တောက်..စောစောစီးစီး ကျက်သရေတုန်းတယ်။

စိတ်ထဲမှာ ပေါက်ကွဲပြီး ရန်လိုနေသော်လည်း တစ်ဖက်လူက သူမသိတဲ့ ယောက်ျားတစ်ယောက်မို့ ပွင့်အန်ချပြမနိုင်တာက ဆိုးဝါးသည်။

ရှောင်းသခင်လေးက ဒေါသတွေကို ချုပ်ထိန်းလိုက်ပြီး အသင့်ဖွင့်ပေးထားတဲ့ ကားတံခါးကနေ ကားထဲဝင်ထိုင်လိုက်သည်။

" ပန်းဆိုင်ကိုသွားမယ် ဟွားရှင်းမဟုတ်တဲ့ တစ်ခြားဆိုင် ''

ဒရိုင်ဘာကြီးက ဘာမှ မပြောတော့ဘဲ ကားကိုစက်နိူးကာ ခြံဝန်းထဲကနေ ဖြေးဖြေးချင်းမောင်းနှင်ထွက်ခွာသည်။

ဒီနေ့ရာသီဥတုက နေသာနေသော်လည်း
လမ်းမပေါ်မှာတော့ လူကျဲနေသည်။

" ဒယ်ဒီ ညကပြန်လာလား ''

သခင်လေးရဲ့ စကားက တိုပြတ်ပြတ်ထွက်ပေါ်လာသည်။

The Billets-Doux From Wang ♡.[Completed ]Tempat cerita menjadi hidup. Temukan sekarang