6.

2.5K 199 3
                                    

ချစ်သည်းတုန်က စာခေါက်ကလေးကို စာအိတ်ထဲ ပြန်ထည့်လိုက်ပြီး ပြုံးလိုက်မိသည်။

သို့ပေသည့် ကိုယ့်ကိုယ်ကို သတိထားမိပုံမရပေ။
ချစ်သည်းတုန်က မှန်ကိုမထင်မှတ်ဘဲ ကြည့်လိုက်မိမှ မှန်ထဲမှာ ပုံမှန်မဟုတ်တဲ့ နီရဲနေတဲ့ ပါးမို့မို့နဲ့ နားရွက်ဖျားလေးတွေရဲနီကာ ချိုသာစွာ ပြုံးနေသော ကိုယ့်ပုံရိပ်ကြောင့် လန့်သွားမိသည် ။

" ငါက ဘာလို့ အပျိုဖြန်းလေးလို ရှက်နေရတာလဲ?.. မဟုတ်မှလွဲ.. ဟိုမေတ္တာစာကြောင့်လား ''

ချစ်သည်းတုန်က ကိုယ့်ကိုယ်ကို ဒေါသထွက်သွားရသည်။

ယောက်ျားတစ်ယောက်ပေးတဲ့စာကြောင့် ငါက.. ငါက အိန္ဒြေမရတွေဖြစ်နေတယ်.. ကျစ်..ရှက်ဖို့ကောင်းချက်ပဲ ။

ရှောင်းသခင်လေး၏ ပုံစံက ဘယ်လိုပင်ဖြစ်နေပါစေ ပျိုမြစ်ချောမောပြီး ချစ်စဖွယ်ကောင်းနေသည်။

မနက်အစောကြီး စာတစ်စောင်ကြောင့် ရှက်သွေးဖြာလိုက်၊ စိတ်တိုလိုက် ဖြစ်နေသော ချစ်သည်းတုန်က ချုံဆန်းဝတ်စုံနက်ပြာရောင်ကို အနက်ရောင် စတိုင်ပန့်နဲ့တွဲဝတ်ပြီး အိမ်ရှေ့မှာ အသင့်ရပ်ထားသော ကားပေါ်ကိုတက်ကာ ကွမ်ကျိုးဈေးလမ်းမသို့ မောင်းနှင်ဖို့ ဒရိုင်ဘာကို ပြောလိုက်သည်။

.................

"ဟင်.. ချစ်သည်းတုန် ''

ဝမ်ရိပေါ်က နူတ်ဖျားမှ တီးတိုးရေရွတ်ရင်း ခပ်လှမ်းလှမ်းက သစ်သီးတန်းမှာ လိမ္မော်သီးရွေးနေသည့် ရှောင်းသခင်လေးကို ပြုံးကြည့်နေမိသည်။

" သစ်တော်သီး ၅လုံး ယူမယ်နော် အဘွား ''

ရင်းနှီးနေသော အသံကြောင့် လိမ္မော်သီး ရွေးနေရင်း မော့ကြည့်လိုက်မိတော့ မျက်မှန်ကိုပင့်တင်ကာ ပြုံးပြနေသော ဝမ်ရိပေါ်နဲ့ အကြည့်ဆုံသွားသည်။

" ဟင်...ဝမ်ရိပေါ် ''

" သြော်... ရှောင်းသခင်လေးပဲ.. သစ်သီးဝယ်နေတာလား ''

" အင်း.. လိမ္မော်သီး စားချင်လာလို့ ဝင်ဝယ်နေတာလေ... ဝမ်ရိပေါ်ကို တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး ''

The Billets-Doux From Wang ♡.[Completed ]Where stories live. Discover now