16.

1.8K 136 1
                                    

ရှောင်းကျန့်၏ ဖခင်သည် သားဖြစ်သူရဲ့ သတင်းကိုစုံစမ်းနေခဲ့ပေမယ့် ဘာမှ မသိရပေ။ ထို့ကြောင့် စိတ်ညစ်နေရသည်။ စီးကရက်တစ်လိပ်ကို မီးညှိပြီး ရှိုက်ဖွာလိုက်ရင်း သက်ပြင်းချကာ မဒမ်ရှောင်း၏ ဖုန်းကို စောင့်နေမိသည်။

ရှောင်းကတော်က ယခုလောလောဆယ် ဟောင်ကောင်ကို ရောက်နေတာဖြစ်ပြီး ဟောင်ကောင်မှာ ဖွင့်ထားသော အလုပ်ရုံကို သွားကြည့်နေတာဖြစ်သည်။

" အန်ကယ် ''

" သမီး လွီ့လီ ''

ရောက်လာတဲ့ ကျန်းလွီ့လီက ရှောင်းသခင်ကြီးကို ရိုသေစွာ နူတ်ဆက်လိုက်ပြီး ဆိုဖာမှာ ထိုင်လိုက်သည်။

" ဘာကိစ္စလဲ သမီး ''

" ဒါလင် အဟမ်း...ရှောင်းကျန့် ရှိနေတဲ့နေရာကို သမီးသတင်းရလို့ လာပြောတာပါ''

ကျန်းလွီ့လီရဲ့ စကားကြောင့် ရှောင်းသခင်ကြီးက စိတ်နာသော ကျားအိုတစ်ကောင်လို မျက်နှာလွှဲကာ...

" အန်ကယ်ကတော့ စိတ်မဝင်စားဘူး... သူဘယ်နေရာမှာပဲရှိနေပါစေ.. သူ့စကားနဲ့သူပဲလေ၊ အန်ကယ်တို့က မလွန်ပါဘူး ''

" သူအဆင်ပြေတယ် .. သူ့အမျိုးသားကလည်းအရမ်းဂရုစိုက်တယ် ''

" တော်ပြီ သမီးဆက်မပြော...''

" သူတို့က အရမ်းချစ်ကြတာတဲ့ ''

" အန်ကယ်မကြားချင်...''

" သူအခု ကွမ်ကျိုးမှာ ''

ကျန်းလွီ့လီက စကားဖြတ်ပြောတာရိုင်းစိုင်းတဲ့အပြုအမူမှန်းသိပေမယ့် သူမရဲ့စကားတွေကိုသာ ဆုံးအောင် ဆက်ပြောသည်။

ထို့နောက် သူမက ရှောင်းသခင်ကြီးကို နူတ်ဆက်ပြီး ပြန်လာခဲ့တော့သည်။

သူမသိသည်။ ရှောင်းသခင်ကြီးက ရှောင်းကျန့်၏ သတင်းတွေကို တိတ်တိတ်လေး စုံစမ်းနေတာဖြစ်ပြီး ရှောင်းကျန့်အား ဘယ်လောက်ထိ ချစ်တယ်ဆိုတာ၊ ဘယ်လောက် ယုံကြည်မျှော်လင့်ထားတယ်ဆိုတာတွေကိုရောပင်။

ရှောင်းသခင်ကြီးက မိနစ်အနည်းငယ်ကြာတဲ့အထိ မလှုပ်မယှက်သာ ငြိမ်နေမိသည်။

The Billets-Doux From Wang ♡.[Completed ]Wo Geschichten leben. Entdecke jetzt