8.

2.5K 196 5
                                    

" စာရောက်လာတာပဲ''

ရှောင်းသခင်လေး၏ နူတ်က အံ့သြသလို ရေရွတ်ရင်း စာလေးကိုဖွင့်ဖောက်ဖတ်လိုက်သည်။

အရင်လိုအတိုင်းပဲ။ ခပ်သော့သော့လက်ရေးချွန်ချွန်လေးတွေကိုမြင်တွေ့လိုက်ရတော့ ရင်ဘတ်ထဲမှာပျော်သလိုကြည်နူးသလိုလိုနဲ့ ခံစားမိတာအမှန်ပင်။

" ငါက ဘာကြောင့် ရင်ဖိုလှိုက်မောနေရတာလဲ...ငါ ဒီစာလွှာတွေပို့နေတဲ့လူကို ချစ်မိနေပြီလား''

ရှောင်းသည်းတုန်က ထိုသို့သော စကားကို တီးတိုးရေရွတ်လိုက်စဉ် ခုန်ပေါက်လာသောနှလုံးသားကြောင့် မလုံမလဲဖြစ်သွားရသည်။

" ကွမ်ကျိုးမှာပေးတဲ့စာပိုင်ရှင်နဲ့ အခုစာပိုင်ရှင်က အတူတူပဲ ဖြစ်နိုင်တယ်... လက်ရေးနဲ့ စာအရေးအသားက တစ်ထေရာတည်းပဲ ပြီးတော့ အခု...''

ရှောင်းသည်းတုန်က အဖြေကို သိရှိသွားခဲ့ပြီဖြစ်သည်။

" အဟက်...ကလေးကလားအရမ်းဆန်တာပဲ''

" သား...ချစ်သည်းတုန်..ဒယ်ဒီက မနက်စာစားဖို့စောင့်နေတယ် ''

" ဟုတ်ကဲ့ မာမီ''

ရှောင်းကျန့်က ပြုံးတုံ့တုံ့နဲ့ အောက်ထပ်ကို ဆင်းလာခဲ့သည်။

" Morning Daddy! "

" Morning.. My Son ''

ရှောင်းကျန့်က မနက်စာစားဖို့ ထိုင်ခုံလေးမှာ ဝင်ထိုင်လိုက်ပြီး ဒယ်ဒီကိုနူတ်ဆက်လိုက်သည်။

" မနက်က စာလာတယ်ဆို.. ဘယ်ကလဲ ''

" ဒယ်ဒီ ''

မထင်မှတ်ထားတဲ့ မေးခွန်းမို့ ကိတ်မုန့်လေးကို လှမ်းယူနေသည့် ရှောင်းသည်းတုန်ရဲ့လက်လေးက နောက်ဆုတ်ရမလို၊ရှေ့တိုးရမလို။

" စားလေ..ရော့ ''

" Thank You. Daddy ''

" It's Okay.. ဖြေပါအုံး.. ဘယ်ကစာလဲ ''

" ကွမ်ကျိုးမှာ ခင်ခဲ့တဲ့ မိတ်ဆွေပါ... သူတို့ဆီ အလည်ပြန်လာရင် ကတ္တီပါပိတ်စတွေဝယ်ခဲ့ဖို့ပြောတာပါ ''

" သားက ကွမ်ကျိုးကို သွားမှာလား ''

" မသွားသေးပါဘူး....ရှန်ဟိုင်းကို ပြန်ရောက်တာကြာမှမကြာသေးတာ ''

The Billets-Doux From Wang ♡.[Completed ]Where stories live. Discover now