21.

1.6K 117 4
                                    

ချစ်သည်းတုန်က မောင့်ရဲ့ အင်ကျီလေးတွေကို မီးကြွေထိုးနေရင်း သီချင်းလေးကို တိုးတိုးလေးဆိုညည်းနေတယ်။

မောင်မပြောချင်တာတွေကို အတင်းသိချင်နေတာက မောင့်ကို အနေရခက်စေလိမ့်မယ်လို့ ချစ်သည်းတုန်က တွေးမိသွားတော့ မောင့်ကို ဖိအားပေးမနေတော့။

ကွမ်ကျိုးကို ပြန်ဖို့အတွက် မီးကြွေထိုးပြီးသား အဝတ်တွေကို ခေါက်သိမ်းနေရင်း နေ့လည်ကိုရောက်လာခဲ့ပြီ။ မောင်က အပြင်သွားတာ ခုထိပြန်မလာသေးတာမို့ ချစ်သည်းတုန်မှာ လည်ပင်းတရှည်ရှည်ရယ်။

မောင့်ကို စောင့်နေရင်း အချိန်တွေလည်း တတိတိနဲ့ ကုန်သွားခဲ့သည်။

ချစ်သည်းတုန်က ရေချိုးအဝတ်လဲလိုက်ပြီး အခန်းထဲကနေပြန်ထွက်လာတော့ မောင့်ကို တွေ့လိုက်ရသည်။

မောင်ဟာ ဧည့်ခန်းက စတီခုံမှာ ထိုင်ပြီး ငေးငိုင်နေတာကြောင့် အရမ်းပင်ပန်းနေပုံရသည်။

" မောင်.. အရမ်းပင်ပန်းနေပြီလား ''

" ချစ်သည်းတုန်က ရေချိုးပြီးပြီလား ''

" အင်း ပြီးပြီ..မောင်က ရေအရင်ချိုးမလား နေ့လည်စာအရင်စားမလား ''

ချစ်သည်းတုန်က ရာသီဥတုနဲ့မလိုက်အောင် ချွေးစိုနေတဲ့ မောင့်အနားမှာ ဝင်ထိုင်ပြီး မောင်ဖြေလာမယ့် အဖြေကိုစောင့်နေမိတယ်။

မောင်ဟာ ချစ်သည်းတုန်ရဲ့ ရေချိုးပြီးကာစ ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းကာ  ပွေ့ဖက်လိုက်ပြီး ငြိမ်သက်နေရင်း ခဏအကြာမှ..

" ချစ်သည်းတုန်... မောင်ကလေ ချစ်သည်းတုန်မေးသမျှမေးခွန်းတိုင်းအတွက် အဖြေရှိပါတယ်၊ ချစ်သည်းတုန် စိတ်ဆင်းရဲသွားမှာ မောင်စိုးရိမ်လို့ပါ ''

မောင်က ချစ်သည်းတုန်ရဲ့ မေးဖျားကို ပင့်ပြီး အကြည့်ချင်းဆုံကာ ဆိုလာခဲ့တော့ ချစ်သည်းတုန်က ခပ်ဖွဖွလေးပြုံးလိုက်တယ်။

" မောင်ရယ်.. ငါကစိတ်ထဲမထားတော့ပါဘူး၊ ငါက မောင့်အပေါ်မှာ အရမ်းအဆိုးမြင်သလိုဖြစ်သွားလို့ ငါ့ကိုယ်ငါ အပြစ်မြင်နေတာ''

The Billets-Doux From Wang ♡.[Completed ]Where stories live. Discover now