4.

2.9K 212 2
                                    

AN.ထပ်ပြောပါရစေ.  စာပါအကြောင်းအရာများသည် စိတ်ကူးယဉ်သဘောမို့ နိုင်ငံရေးဆန်းဆန်းတင့်ရင် မဖတ်ပေးဖို့တောင်းဆိုပါရစေ။
အကယ်၍ ဤ Fiction နဲ့ ပတ်သတ်ပြီး အငြင်းပွားဖွယ်တစ်စုံတစ်ရာရှိလာပါက ဖျက်ပစ်ပါမည်။

.........................

" ဆိုတော့ မာမီက ဒီပြပွဲအတွက် ကွမ်ကျိုးအထိ တကူးတက လာတာပေါ့လေ ''

ပန်းပြပွဲတစ်ခုမို့ ရှောင်းသခင်လေး မျက်နှာက ကြည်နူးရွှင်ပျနေ၏။

" အင်း.. ဟုတ်တယ် My Son ''

မာမီက ပန်းမျိုးအစုံအလင်ကိုသဘောတကျကြည့်ပြီး သာမန်ကာလျှံပဲ ပြန်ဖြေလိုက်သည် ။

" မာ..''

လက်ကိုလွှတ်ပြီး လေဒီရှုးသံတစ်ဒေါက်ဒေါက်ပေးကာ ထွက်သွားတဲ့ မာမီကြောင့် ရှောင်းသည်းတုန်က ရယ်လိုက်ရုံသာတတ်နိုင်တော့သည်။

နက်ပြာရောင်အောက်ခံပေါ်၌ အဖြူရောင်ကြိုးကြာငှက်ပုံစံကို လှပစွာ ရေးထိုးဆွဲသားထားသည့် လက်ချုပ်ချုံဆန်းဝတ်စုံနဲ့ ချစ်သည်းတုန်က သိပ်ကိုကြည့်ကောင်းနေပါ၏။

ဆံပင်တွေကိုအပြောင်မသိမ်းပဲ ပုံသွင်းထားသည့် ရှေ့အကောက်ပုံစံနဲ့ ချစ်သည်းတုန်က အသက်အရွယ် ထက်ပင် ပိုမိုနုနယ်နေသည်။

အနားကိုကပ်သွားပြီးနောက် ချစ်သည်းတုန်သတိမထားမိသေးခင် စတိုင်ပန့်ဘောင်းဘီအိတ်ကပ်ထဲက စာတစ်စောင်ထုတ်ကာ ထည့်ပေးလိုက်သည်။

ချစ်သည်းတုန်က သူ့ဘောင်းဘီအိတ်ကပ်ထဲ အပြာရောင်စာအိတ်လေးရောက်လာသည်ကိုပင် သတိမထားမိနိုင်အောင် ဆူးကြီးနှင်းဆီနီနီတွေကို ငေးကြည့်ရင်း သဘောကျနေခဲ့သည်။

ချစ်သည်းတုန်က မပြောင်းလဲဘူး ။
တစ်ခုခုကို အာရုံအရမ်းစိုက်ပြီဆိုတာနဲ့ ဘာမှ သတိမထားမိဘဲ ဖြစ်နေတတ်တော့တာ..။

ဝမ်သခင်လေးက ပြုံးပြီး ထိုနေရာမှ လှည့်ထွက်သည်။

ချစ်သည်းတုန်ရှောင်းက မာမီကိုရှာဖို့ မျက်စိကစားကြည့်တဲ့အခါ မြင်ဖူးသလိုရှိတဲ့ ကျောပြင်တစ်ခုကို တွေ့လိုက်ရသည် ။

The Billets-Doux From Wang ♡.[Completed ]Where stories live. Discover now