4

1K 147 12
                                    

"ရော့...ဒီမှာမင်းအထုတ်တွေ ပြီးတော့ဒါမင်းအခန်းပဲ သွားပြီ"

"ဟို...ဟိုလေ...!"

"ဘာလဲ..."

"အခန်းထဲထိလိုက်ပို့ပေးပါလားဟင်"

"ဘာ!ကိုယ့်ဘာသာသွားပါလား မင်းကိုအခန်းထဲထိလိုက်ပို့ရအောင် မင်းကငါ့ကိုဒီအိမ်ကကျွန်များမှတ်နေလား"

~အာ...စိတ်ပျက်ဖို့ကောင်းလိုက်တာ ဒီအကျင့်ပုတ်စိတ်ပုတ်ကတော့~

(အတွေးလေးထဲမှာဆို~~ဒါလေးသုံးမယ်)

"အော်...အဲ့လိုမဟုတ်ပါဘူး ဒီမှာအကိုကအိမ်ရှင်မလား ကိုယ့်ဆီလာတဲ့ဧည့်သည်ကိုဧည့်ဝတ်ကျေရမယ့်တာဝန်ရှိတယ်လေ ommaခုနတည်းကမှာသွားတာမကြားဘူးလား"

"အေး...မကြားလိုက်ဘူး အဲ့တာကြောင့်အခန်းထဲဝင်ချင်ဝင်မဝင်ချင်နေ ကျန်တာမင်းအပိုင်းပဲ"

"ဟာ...ဦးစိတ်ပုတ်အဲ့လိုမလုပ်နဲ့လေ"

"ဘာ!!ခေါ်ပြန်ပြီလား ဒီဦးစိတ်ပုတ်!အေး...မင်းကအဲ့လိုသိပ်ခေါ်ချင်တယ်ဆိုမှတော့ ငါကလည်းတကယ်စိတ်ပုတ်ရတော့မှာပေါ့ သွားပြီ အဲ့မှာနှစ်ယောက်ထဲကျန်ခဲ့"

နှစ်ယောက်ထဲကျန်ခဲ့ဆိုသည်မှာ ဆော့ဂျင်မကြောက်ကြောက်အောက်ခြောက်ခဲ့ခြင်းဖြစ်သည်။

"ဟမ်!..ဦးစိတ်ပုတ်နေအုံးလေ!"

"မနေဘူးသွားမယ် ငါကစိတ်ပုတ်တယ်!"

ဂျောင်း!!!...

သူ့ကို​ေဆာ့ဂျင် မမှီခင်တံခါးကိုအလျင်အမြန်ပိတ်လိုက်သည်။

"ဟာ...ဦးစိတ်ပုတ်တံခါးဖွင့်!!"

"မဖွင့်ဘူး...မင်းအဖော်လိုချင်ရင်အဲ့မှာစောင့် နေမင်းဆီရောက်လာလိမ့်မယ်"

ဂျောင်ကုကတော့သူ့ကိုနှိပ်ကွပ်ထားသမျှကို ဒီအချိန်တွင်လက်စားပြန်ချေနေသည်။

"အဟင့်!!!ဟင့်!!!"

"ဟမ်!ဒီကောင်ငိုနေတာလား"

တံခါးဘေးနားကပ်၍နားထောင်နေသည်။

"အဟင့်!!အဟင့်!!"

"အာ...ပြသာနာပဲ appaနဲ့ommaကြားကုန်တော့မှာပဲ တောက်စ်!​ တော်တော်ဂျိုမွှေတဲ့ကောင်ကွာ!"

ချစ်ခြင်းတရားတို့ရှိရာကိုကလေးဟုခေါ်သည်Where stories live. Discover now