8

1K 137 19
                                    

"ဦးလေးကြီး နော်လို့"

"အေးကွာအိပ်ချင်တယ်ဆိုလည်းအိပ်"

"ဟီးးကျေးဇူးပဲ"

ဂျောင်ကုကခွင့်ပြုပေးလိုက်သည်နှင့်ကုတင်ပေါ်သို့တက်ကာဂျောင်ကု၏ခေါင်းအုံးနှင့်စောင်အားယူပြီးကုတင်အောက်တွင်အိပ်ရန်ပြင်ပေးလိုက်သည်။

"နေ!နေပါဦး မင်းအဲ့တာဘာလုပ်နေတာလဲ"

"ဦးလေးကြီးအိပ်ဖို့အတွက်ပြင်ပေးနေတာလေ"

"ငါအဲ့မှာအိပ်မယ်လို့မင်းကိုဘယ်သူကပြောလို့လဲ"

"ဘယ်သူမှမပြောပါဘူးကျွန်တော်ကမှတ်ထားတာ"

"ဘာကိုမှတ်ထားတာလဲ"

"ဦးလေးကြီးကကုတင်ကိုမျှမသုံးတက်ဘူးလေ အဲ့တာကိုမှတ်ထားတာပေါ့"

"ကျစ်!.ထားလိုက် ငါ့ကုတင်ကကျယ်တာပဲကုတင်ပေါ်မှာပဲအိပ်တော့မယ် အောက်မှာတော့မအိပ်နိုင်ဘူး ဖယ်..ဖယ်"

ဆော့ဂျင်လက်ထဲကခေါင်းအုံးနှင့်စောင်ကိုပြန်ဆွဲယူကာ ကုတင်ပေါ်သို့ပြန်တင်လိုက်သည်။

"ဒီမှာ!.မင်းဒီဖက်လုံးကိုမကျော်မိစေနဲ့နော် ကိုယ့်နေရာနဲ့ကိုယ်အေးဆေးအိပ်"

"ဟမ်!.အိပ်ပျော်သွားရင်ဘယ်လိုလို့သိမှာလဲ"

"စကားမများနဲ့ငါကမကျော်နဲ့​ဆိုမကျော်နဲ့"

"ကျော်မိသွားရင်ရော?"

"ကျော်မိတဲ့သူကအပြစ်ပေးခံရမယ်"

"ဟင်!ဘာအပြစ်လဲ!?"

"ကျော်မိတဲ့သူကတခြားသူခိုင်းတာအထွန့်မတက်ပဲလုပ်ပေးရမယ် ပြီးတော့အဲ့လူပြောသမျှကိုလည်းပြန်ခံမပြောပဲနားထောင်ရမယ်"

"အဲ့တာအပြစ်လား?"

"ဟုတ်တယ်! မင်းရှုံးရင်ငါ့စကားနားထောင်ပြီးငါခိုင်းတာလုပ်ရမယ်"

"အကယ်၍ဦးလေးကြီးရှုံးရင်လည်းကျွန်တော်ခိုင်းတာလုပ်ပြီးကျွန်တော့်စကားနားထောင်ရမှာနော်"

"Ommm!."

"okလေသဘောတူတယ်"

"သဘောတူရင်အိပ်တော့ နည်းနည်းလေးတောင် ကျော်မလာမိ​ေစနဲ့နော်"

ချစ်ခြင်းတရားတို့ရှိရာကိုကလေးဟုခေါ်သည်Where stories live. Discover now