20

1.7K 125 20
                                    

အိမ်ကိုတစ်ခါမှပြန်မလာတဲ့သားအလိမ်မာလေးကပြန်လာတော့လည်းရည်းစားပါတစ်ပါတည်းခေါ်လာလေတော့ဂျီမင်းရဲ့မိဘများမှာသက်ပြင်းလေးသာမသိမသာချမိရင်း...


"ရည်းစားမရရင်အိမ်ပြန်မလာရဘူးလို့အမိန့်ထုတ်ထားလို့ ရည်းစားရမှာအိမ်ပြန်လာတာလားသားလေးဂျီမင်း"

ဖခင်ဖြစ်သူမှရွှန်းနောက်နောက်စကားလုံးလေးများဖြင့်ဧည့်ခံကြိုဆိုလာတော့...

"အာ..Appaကလည်း"

"Appaကလည်းဘာလည်းတွေလုပ်မနေနဲ့ မင်းOmmaတို့ဆီပြန်မလာတာဘယ်လောက်ကြာပြီလဲ"

"အဲ့တာအန်ကယ်လေးကအဖော်​မရှိလို့စေတနာနဲ့သွားနေပေးတာလေ Appaနဲ့Ommaကသားကိုတောင်ကျေးဇူးတင်ရအုံးမှာ"


"အမလေးကျေးဇူးကြီးလှပါတယ်ရှင် ကျေးဇူးကြီးလှပါတယ်"



မဆုံဖြစ်တာကြာတဲ့မိသားစုလေးရဲ့နွေးနွေးထွေးထွေးဖြင့်အပြန်အလှန်စနောက်နေကြပုံကိုဘေးကကြည့်ရင်းထယ်ယောင်းပြုံးနေမိသည်။


"သား..သားနာမည်ဘယ်လိုခေါ်လဲ"

"ကင်မ်ထယ်ယောင်းပါဗျ"

"အင်း...သားအကြောင်းကိုတော့ဂျီမင်းရဲ့အန်ကယ်လေးပြောပြလို့သိထားတယ်
တကယ့်ကိုလူရည်မွန်လေးပဲ"

"အာ...ကျေးဇူးတင်ပါတယ် Appa"

"ဟေ...Appa!..ကဲAppaလို့တော့ခေါ်နေပြီဟေ့"


ဂျီမင်းရဲ့ဖခင်မှာပြောဆိုဆက်ဆံရေးအလွန်ကောင်းမွန်သူဖြစ်သလို စကားပြောရာတွင်လည်းတစ်ဖက်လူကိုစိတ်ဖိစီးမှုမဖြစ်စေပဲပေါ့ပေါ့ပါးပါးဖြစ်အောင်ပင်ပြောဆိုနိုင်သူဖြစ်သည်။ယခုမိသားစုစကားဝိုင်းလေးမှာလည်းဖခင်ဖြစ်သူကြောင့်ရယ်သံများဖုံးလွှမ်းသွားရကာ...



"အင်း...သားတို့လည်းမငယ်တော့တဲ့အရွယ်ဆိုတော့သေချာစဥ်းစားဆုံးဖြတ်နိုင်ကြမှာပါ အထူးသဖြင့်သားထယ် သားကအကြီးဖြစ်တဲ့အတွက်သားဂျီမင်းကိုအကောင်းဆုံးလက်တွဲဖော်တစ်ယောက်ဖြစ်ဖို့ဦးဆောင်ပေးနိုင်လိမ့်မယ်လို့Appaယုံတယ် Appaတို့မိဘတွေအနေနဲ့ကဒီကိစ္စကိုသားတို့သဘောအတိုင်းလက်ခံပေးနိုင်ပါတယ် သားတို့နှစ်ယောက်လုံးကအဆင်သင့်ဖြစ်နေပြီလို့ယူဆရင် Appaတို့ဘက်ကကန့်ကွက်စရာဘာမှမရှိဘူး အိမ်ထောင်တစ်ခုထူထောင်တယ်ဆိုတာလွယ်လှတဲ့အရာတော့မဟုတ်ဘူးသားတို့ရဲ့အိမ်ထောင်ရေးမှာဖြစ်လေ့ဖြစ်ထရှိတဲ့ကတောက်ကဆလေးတွေကတော့ကြုံရမှာပဲ ဒါကိုသားတို့ကတစ်ယောက်အပေါ်တစ်ယောက်နားလည်မှုထားပြီးကျော်ဖြတ်နိုင်ရမယ် ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ရွေးချယ်ထားတဲ့လမ်းကိုအကောင်းဆုံးလျှောက်နိုင်ဖို့လည်းAppaမျှော်လင့်တယ် Appaတို့ဘက်ကလည်းဖြည့်ဆည်းပေးနိုင်သမျှကိုအတက်နိုင်ဆုံးဖြည့်ဆည်းပေးမယ် သားတို့ကရောဘယ်လိုတွေတိုင်ပင်ထားပြီးကြပြီလဲ"



You've reached the end of published parts.

⏰ Last updated: Aug 12, 2022 ⏰

Add this story to your Library to get notified about new parts!

ချစ်ခြင်းတရားတို့ရှိရာကိုကလေးဟုခေါ်သည်Where stories live. Discover now