18

1K 121 11
                                    

Meetingထိုင်ခါနီးမှကြားလိုက်ရတဲ့သတင်းကြောင့်ဂျောင်ကုတစ်ယောက်Meetingမထိုင်နိုင်တော့ပဲထယ်ယောင်းကိုလွှဲပေးခဲ့ကာအိမ်သို့အမြန်ပြန်လာခဲ့ရတော့သည်။


"ဂျောင်ကုစိတ်အေးအေးထားပြီးကားကိုသတိထားမောင်းအုံး ငါMeetingပြီးရင်လာခဲ့မယ်"

ထယ်ယောင်းပြောစကားကိုခေါင်းညိမ့်ပြပြီးသာတုံ့ပြန်ခဲ့သည်။စိတ်ကတော့ဘယ်လိုမှမအေးနိုင်။

​Meetingစရန်5မိနစ်အလို~

Ring...Ring...Ring...

"Hello ဦးလေးကြီး"

"အင်းကြားတယ်ပြော"

"ကျွန်တော်အခုဦးလေးကြီးဆီလာလို့ရလား"

"ကိုယ်အခုMeetingရှိတယ်ပြီးတာနဲ့ကိုယ်ပြန်လာခဲ့မယ်လေ ဘာလိုချင်လို့လဲကိုယ်ဘာဝယ်ခဲ့ပေးရမလဲ"

"ဘာမှမလိုချင်ပါဘူးကျွန်တော်မပြန်ခင်ဦးလေးကြီးရဲ့မျက်နှာကို​မြင်ချင်လို့"

"ဘာပြောတယ်"

"Appaနဲ့Ommaလာခေါ်လို့ပြန်ရတော့မယ်လေဦးလေးကြီးကလည်းမသိတာလည်းမဟုတ်ပဲနဲ့"


"နေပါအုံးအဲ့လောက် မြန်မြန်ပြန်ဖို့လိုလို့လား ဒီမှာမနေကြတော့ဘူးလား"

"ဟုတ်တယ်Appaရဲ့အလုပ်ပေါ်လာလို့ချက်ချင်းပဲပြန်ရမှာ"

"မင်းကပြန်လိုက်ချင်ပြီလား"

"အင်းပြန်ချင်နေတာကြာပြီ ဒါပဲဦးလေးကြီး!"

Ti~

ဆော့ဂျင်ဘက်ကဖုန်းချလိုက်ပြီးတာနဲ့ဂျောင်ကုMeetingခန်းဘက်ကိုတောင်ခြေဦးမလှည့်နိုင်ထယ်ယောင်းကိုအကျိုးအကြောင်းပြောပြပြီးလက်လွှဲခဲ့ရသည်။


စာမေးပွဲတွေဖြေပြီးလို့ဆော့ဂျင်ရဲ့မိဘတွေရောက်လာသည်ဆိုကတည်းကဂျောင်ကုညဘက်ပင်ကောင်းကောင်းအိပ်မပျော်နိုင်။ဘယ်အချိန်ဆော့ဂျင်ကိုပြန်ခေါ်သွားကြမလဲသူဘယ်လိုတားရပါ့မလဲဆိုသောအတွေးများကြောင့်ပင်။


~~


"နောက် မှပဲအေးဆေးလာခဲ့ပါ့မယ် သားကိုဂရုစိုက်ပေးခဲ့ကြလို့တကယ်ကျေးဇူးတင်ပါတယ်"

ချစ်ခြင်းတရားတို့ရှိရာကိုကလေးဟုခေါ်သည်Where stories live. Discover now